Politics, Law & Military
ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် စိတ်တူကိုယ်တူပါဝင်တည်ဆောက်လိုကြသည့် အဓိက အကြောင်းရင်းများ
ပေကျင်း ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)
ခေတ်သစ်ပိုးလမ်းမကြီး အတူလက်တွဲတည်ဆောက်ရန် အဆိုပြုခဲ့သည့် ၅ နှစ်တာ ကာလအတွင်းတွင် နိုင်ငံတကာ လူမှုအဖွဲ့အစည်း၏ထောက်ခံပါဝင်လိုသည့် တုံ့ပြန်မှုများ တစ်နေ့တခြား ပိုမိုကျယ်ပြန့် လာသည်ကိုတွေ့ရပေမည်။ ခေတ်သစ်ပိုးလမ်းကြီး တည်ဆောက်ပြီး အကျိုးတူဖြစ်ထွန်းလိုသည့်ဆန္ဒရှိကြရာ မိမိသဘော အလျောက် ပါဝင်လိုကြသည့်နိုင်ငံများလည်း များသည်ထက်များပြားလာသည်။ အဘယ်ကြောင့် ယခုကဲ့သို့ တက်တက်ကြွကြွပါဝင်လိုမှုများ ကျယ်ပြန့်များပြားလာရသနည်းဟုလေ့လာကြည့်ပါကအောက်ပါအချက်များကိုတွေ့ရပေမည်။
၁။ ဖွံ့ဖြိုးတိုးတက်ရေးကို ပစ်မှတ်ထား တစိုက်မတ်မတ် ဆောင်ရွက်နိုင်ခြင်း
အာဖရိက နိုင်ငံများက ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် ပါဝင်လိုသည့် စိတ်အားထက်သန် ကြသည်။ တရုတ်ခေါင်းဆောင်များအာဖရိက နိုင်ငံများကိုသွားရောက်တိုင်း သမ္မတ၊ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ခေါင်းဆောင်များက ခေတ်သစ်ပိုးလမ်းကြီးကို ပါဝင်ရန် အဆိုပြုကြသည်။ ထိုကိစ္စနှင့်စပ်လျဉ်းပြီး တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးချန်ခဲ့မင်က ၎င်း၏ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်မှုကို ယခုကဲ့သို့ ပြောကြားခဲ့သည်။
ခေတ်သစ်ပိုးလမ်းမကြီးသည် ဖွံ့ဖြိုးရေးအခွင့်အလမ်းကောင်းများကို သယ်ဆောင်လာပေးနိုင်ကြောင်း ၊၎င်းမှာ အများထောက်ခံပါဝင်လိုသည့် အဓိက တွန်းအားပေးသည့်အကြောင်းရင်းဖြစ်ကြောင်း ၊ ဂရိနိုင်ငံ ဝန်ကြီးချုပ် Alexis Tsipras ဆိုသကဲ့သို့ပင် ခေတ်သစ်ပိုးလမ်းမကြီးသည် နိုင်ငံဒေသအများစု ၏ စီးပွားရေး ဖွံ့ဖြိုးမှုရည်မှန်းချက်နှင့်ကိုက်ညီနေကြောင်း ၊ ဂလိုဘယ်လ်လိုက်ဇေးရှင်းစီးပွားရေးခေတ် ကာလတွင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံများက ကာလအတန်ကြာသည်အထိ အမေ့ခံဖြစ်နေ ရကြောင်း ၊ ယခု အခါ တွင် ထိုနိုင်ငံများသည် စီးပွားရေးလွတ်လပ်စွာရပ်တည်နိုင်မှုနှင့် နိုင်ငံဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပြီဖြစ်ရာ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုတွင် ယုံကြည်အားထားရသည့် ဆုပ်ကိုင်စရာ အခွင့်အလမ်းရှာဖွေတွေ့ရှိနေပြီဖြစ် ကြောင်း ၊ ပဋိပက္ခဒုက္ခအတိ ခံခဲ့ရသည့် တူနီးရှား၊ အီဂျစ် စသည့်နိုင်ငံများက ခေတ်သစ်ပိုးလမ်းမကြီး အတူလက်တွဲတည်ဆောက်ရန် ထက်သန်သည့် သဘောဆန္ဒ များကို ထုတ်ဖော်ပြသလျက်ရှိကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်တည်ဆောက်မှုကြောင့် ပါကစ္စတန်၏စီးပွားရေးမှာလည်း တိုးတက် ပြောင်းလဲလာလျက်ရှိကြောင်း ၊ဝေးလံသေးငယ်လှသည် Gwadar က တံငါရွာလေးမှ ကမ္ဘာသိဆိပ်ကမ်းဖြစ်လာခဲ့ကြောင်း ၊ ထိုကဲ့သို့သော လက်တွေ့ ဥပမာသာဓက များက ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ပစ်မှတ်ထားတစိုက်မတ်မတ် ဆောင်ရွက်ရာ တွင် လမ်းကြောင်းမှန်နည်းလမ်းမှန်ဖြစ်ခြင်းကို သက်သေထူခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
စပိန်နိုင်ငံ Galiciaနိုင်ငံတကာ ဆက်ဆံရေး သုတေသနဌာန ဌာနမှူး ဆူလီယိုရီယိုစ် ဆိုသကဲ့သို့ပင် အချိန်တို ၅ နှစ်အတွင်း ခေတ်သစ်ပိုးလမ်းမကြီး၏ရရှိခဲ့သည့် အောင်မြင်မှုများက တရုတ်နိုင်ငံနှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသည့် သက်သေများပင် ဖြစ်သည်။ တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ခေါင်းထောင်လာသည့် လက်ရှိကာလတွင် အကျိုးတူ ဖြစ်ထွန်းရေးနှင့်အကျိုးမျှဝေရေးကို ရည်ရွယ် အားထားလုပ်ဆောင်နေသည့် ခေတ်သစ်ပိုးလမ်းမကြီးသည် ကမ္ဘာစီးပွားရေးကို သွေးသစ်လောင်းပေးနေသည်။ ဆားဘီးယား ဒုတိယဝန်ကြီးချုပ် MIHAJLOVIĆကဆိုလျှင်လည်း ခေတ်သစ်ပိုးလမ်းမကြီးသည် ကမ္ဘာ့အကျိုးစီးပွားပင်ဖြစ်သည်ဟု ဆိုခဲ့သည်။
၂။ လက်တွေ့ကျသည့်ကြိုးပမ်းဆောင်ရွက်မှုရှိခြင်း
Kamchiqဥမင်လှိုဏ်ခေါင်းသည် ဥဇဘက် ကစ္စတန် နိုင်ငံ Angren–Pap မီးရထားလမ်း ဆောက်လုပ် ရာတွင် အခက်အခဲဆုံးနေရာဖြစ်သည်။ ထိုသို့ အန္တရာယ်များခက်ခဲကြမ်းတမ်းမှုများကြောင့် ဥရောပ၊ အမေရိကန်လုပ်ငန်းများ မကိုင်တွယ်ရဲကြပါ။ တရုတ်ဆောက်လုပ်ရေးက အခက်အခဲအန္တရာယ် အတားအဆီး များကို မမှုဘဲ Kamchiq ဥမင်လှိုဏ်ခေါင်းအပါအဝင် အခြား သော ဥမင်လှိုဏ်ခေါင်းများ ကို ရက် ၉၀၀ အတွင်း ဆောက်လုပ်ပြုပြင်ပေးနိုင်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကို ခရီးပေါက်အောင် ချိတ်ဆက်ပေးနိုင်ခဲ့သည်။
ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် ကြိုတင်ခန့်မှန်းကာလထက် တိုးတက်မှုများ ရရှိနေခြင်း သည် “တောင်တွေ့လျှင် လမ်းဖောက်မည်၊မြစ်တွေ့လျှင်တံတားဆောက်မည်”ဟူသော အခက်အခဲ အတားအဆီးကို မကြောက်မရွံ့ရှေ့ဆက်မည့်စိတ်ဓာတ်ဖြင့် လက်တွေ့ကျကျ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဖြစ်သည်။ ပထမအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အဆိုပြုသည့် ကဏ္ဍကြီး ၅ ရပ် ရှိ လုပ်ငန်းအစီအစဉ် ၂၀၀ ကျော်ရှိရာ အများစုမှာ လက်ရှိတွင် အောင်မြင်ပြီးဆုံး သွားသည်များ ရှိသလို ပုံမှန်လည်ပတ်လုပ်ဆောင်သည့် လုပ်ငန်းများလည်း ရှိပြီဖြစ် သည်။
ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုသည် လက်တွေ့ကျမှု ရှိမရှိဆိုသည်မှာ နိုင်ငံတကာ အများ ပြည်သူ၏ အပြောအဆိုများမှတစ်ဆင့် သိရှိနိုင်ပါသည်။ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှု တွင် ပိုးလမ်းမတလျှောက် နိုင်ငံများ၏ ပြည်သူ့အကျိုးပြုစီမံကိန်းကြီးများ ကို အားထားလုပ်ဆောင်လျက် ရှိသောကြောင့် လူသန်းပေါင်း များစွာကို အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။
အီသီယိုးပီးယားနှင့်ဂျီဘူတီကို ဆက်စပ်ပေးသည့် Addis Ababa–Djibouti ရထားလမ်းဖွင့်လှစ်ပြီး နောက် ယခင် ၇ ရက်ကြာသွားရသည့်ခရီးရှည်သည် ၁၀နာရီကြာဖြင့်ရောက်နိုင်သောခရီးတိုဖြစ်လာခဲ့ သည်။ ယခု ဖွင့်လှစ်အသုံးပြုနိုင်တော့မည် Padmaတံတားကြီးကလည်း ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ ဒေသ ၂၁ ခုနှင့် မြို့တော် ဒါကာမြို့ရှိ အများပြည်သူတို့၏ လှေစီးသွားလာရမည့်ဒုက္ခကို ကင်းဝေးစေ နိုင်တော့မည်ဖြစ်သည်။ ထိုကဲ့သို့ ပိုးလမ်းမတစ်လျှောက်နိုင်ငံများရှိ အများပြည်သူ၏အခက်အခဲကို အဆင်ပြေအောင် ကူညီဖြေရှင်းပေးသည့် လက်တွေ့သာဓကများက ဂုဏ်သတင်းကောင်းများက အများကြားတွင် ပြန့်နှံ့လျက်ရှိ ပါသည်။
၃။ တံခါးဖွင့်ပြီး အပြန်အလှန်သင့်သင့်မြတ်မြတ်ဆက်သွယ်နိုင်ခြင်း
ယခုနှစ် သြဂုတ်လအထိ အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည့် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၈၆ ခု အထိ တိုးမြင့်လာပြီဖြစ်သည်။ ၎င်းတို့တွင် ဒေသတွင်းကပါဝင်သလို ဒေသပြင်ပကလည်း ပါဝင်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများပါဝင်သလို ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံများလည်း ပါဝင်သည်။ တံခါးဖွင့်လက်ခံခြင်းက AIIB အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် အဓိက အကြောင်းရင်းတစ်ခုဖြစ် သည်။
တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးကို အဆိုပြုသည့်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးမှ ဆန္ဒရှိလျှင် အတူပါဝင်ဆောင်ရွက်ရန် စိတ်ရင်းစေတနာအမှန်ဖြင့်အမြဲကြိုဆိုလျက်ရှိသည်။ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) တွဲဖက်အုပ်ချုပ်ရေးမှူး Tegegnework Gettu ဆိုသကဲ့သို့ ခေတ်သစ်ပိုးလမ်းမကြီး၏ မိတ်ဆွေအသိုင်းအဝန်းကျယ်ပြန့်လာရသည့် အဓိကအကြောင်းရင်းမှာ နိုင်ငံ ကန့်သတ်ချက်မရှိခြင်း ၊ တံခါးပိတ်စနစ် လုပ်ဆောင်မှုမရှိခြင်း ၊ တစ်ဦး တစ်ယောက် တစ်ခွန်း တစ်ပင်တိုင် ဆောင်ရွက်မှု မရှိခြင်းများကြောင့် ဖြစ်သည်။
အတူဆွေးနွေးညှိနှိုင်း၊အတူလက်တွဲတည်ဆောက်၊ အတူမျှဝေခံစားခြင်းက ခေတ်သစ်ပိုးလမ်းမတစ်လျှောက် နိုင်ငံများကို တန်းတူညီမျှ ပါဝင်ဆောင်ရွက်သူ၊ အကျိုးခံစားနိုင်သူ ဖြစ်လာစေသောကြောင့် နိုင်ငံအသီးသီးက ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် ပါဝင်စိတ်များ ထက်သန်လာခြင်းပင်ဖြစ်ပါ တော့သည်။ (Xinhua)