Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ကင်ဂျုံအမ် ထံပေးပို့


ပေကျင်း ၊ စက်တင်ဘာ ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း သဝဏ်လွှာတစ်စောင်ကို မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် ထံသို့ စက်တင်ဘာ ၉ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ၊ တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများ ကိုယ်စား သမ္မတရှီကျင့်ဖိန်က ခေါင်းဆောင်ကင်ဂျုံအမ် ၊ မြောက်ကိုရီးယားအလုပ်သမားပါတီ(WPK) ၊ မြောက်ကိုရီးယားအစိုးရ နှင့် ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သပါကြောင်း နှင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ကင်ဂျုံအမ်သည် မြောက်ကိုရီးယားနိုင်ငံWPK ပါတီ၏ ဥက္ကဋ္ဌ နှင့် နိုင်ငံရေးရာကော်မရှင် ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

သဝဏ်လွှာထဲတွင် ရှီကျင့်ဖိန်က မြောက်ကိုရီးယားပြည်သူများသည် ပြီးခဲ့သော နှစ်ပေါင်း ၇ဝ အတွင်း ဆိုရှယ်လစ်တော်လှန်ရေး နှင့် တည်ဆောက်ရေးကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“ မကြာသေးမီနှစ်များက ရဲဘော်ဥက္ကဋ္ဌကြီးဟာ ပါတီ နဲ့ပြည်သူကို ဦးဆောင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် နဲ့အရေးပါတဲ့ ရလဒ်တွေကို စွမ်းဆောင်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်မှုဟာ သမိုင်းသစ်တွင်မယ့် အဆင့်တစ်ခုဆီသို့ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်” ဟု ရှီက ပြောကြားခဲ့ပြီး “ အဲဒီအရာအားလုံးကို မြင်တွေ့ရတဲ့အတွက် ကျွန်တော့်အနေနဲ့တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နှင့်မြောက်ကိုရီးယား နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း တောတောင် ၊ မြစ်ချောင်းများဖြင့် ထိစပ်နေကြကြောင်း နှင့် တရုတ်-မြောက်ကိုရီးယားအစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် နှစ်ဖက်ခေါင်းဆောင်ဟောင်းများ၏ အစဉ်တစ်စိုက် တည်ဆောက်ခဲ့သော အောင်မြင်မှုရလဒ်များဖြစ်ကြောင်း ၊ အဆိုပါ အဖိုးထိုက်တန်သော အသီးအပွင့်ကို နှစ်ဖက် မျှဝေခံစားခဲ့ကြကြောင်း ရှီက ဆိုသည်။ (Xinhua)