Connect with us

Politics, Law & Military

စားသုံးသူများ အခွင့်အရေး အကာကွယ်ပေးရေး တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်(Li KeQiang) အစည်းအဝေးတစ်ခုတွင်မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်(Li KeQiang) အစည်းအဝေးတစ်ခုတွင်မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဝန်ကြီးချုပ် လီခဲ့ချန် (Li Keqiang) က စားသုံးသူများ အခွင့်ရေး ကာကွယ်ပေးရေးအား တရားဝင် ဖြစ်စေရေး အတွက် တရုတ်နိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း (China Consumer’s Association) မှ ခေါင်းဆောင်အသစ် ရွေးချယ်မှုကို ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း အနေဖြင့် လုပ်ဆောင်သင့်သည့် အရာများကို လီ က ညွှန်ကြား ချက် များ ရေးသားခဲ့သည်။ လူမှုဝန်းကျင်တွင် စားသုံးသူများအနေဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာရေးနှင့် လူမှုဘဝ မြှင့်တင်ရေးများ လုပ်ဆောင်သင့်သည်ဟု လီ က ညွှန်ကြားခဲ့သည်။

အမျိုးသား ပြည်သူ့ ညီလာခံတွင် တရုတ်စားသုံးသူ ကာကွယ်ရေးအသင်း ဒုတိယ ဥက္ကဌသစ် အဖြစ် Zhang Ping အား တင်မြှောက်ခဲ့သည်။

စားသုံးသူများ ကာကွယ်ရေး ဥပဒေတွင် ပါဝင်သည့် အချက်တချို့ ပြင်ဆင်ရန် လေ့လာမှုများ ပြုလုပ်နေကြောင်း Zhang က ပြောသည်။ ၎င်းတို့ အသင်းအပေါ်တွင် ယုံကြည်စေ ရန် ဆောင် ရွက်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)