Connect with us

Education & Health

စားသုံးသူရေးရာနစ်နာမှုများ တိုင်ကြားနိုင်မည့် Call Center ချန်နယ်အသစ်တစ်ခု ဖေဖော်ဝါရီလတွင် စတင်အသုံးပြုမည်ဟုဆို

စားသုံးသူအခွင့်အရေး ပညာပေးအချက် (၇) ကာတွန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- စားသုံးသူရေးရာဦးစီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာ လအထိ စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ တိုင်ကြားမှုပေါင်း ၁၆၂၅ မှုရှိခဲ့ကြောင်း၊ထပ်မံ၍ စားသုံးသူရေးရာနစ်နာမှုများအား တိုင်ကြားနိုင်မည့် Call Center ချန်နယ်အသစ်တစ်ခုကို၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၆ ရက်တွင်ပြောသည်။

“၂၀၁၉ခုနှစ်မတ်လမှာ စားသုံးရေးရာဦးစီးဌာနရဲ့ ဝက်ဆိုက်မှာ စားသုံးသူတွေတိုင်ကြားနိုင်တဲ့ application တစ်ခုကို စပြီးမိတ်ဆက်ခဲ့တယ်။ နောက်ပြီးတော့ ဖုန်းဆက်ပြီးတိုင်ကြားလို့ရသလို Mobile application နဲ့တိုင်ကြားနိုင်အောင်လည်းလုပ်ခဲ့တယ်။ ၂၀၂၀ပြည့်နှစ် အောက်တိုဘာမှ ကျွန်တော်တို့ဝက်ဆိုက်ကို ထပ်ပြီး အဆင့်မြှင့်လိုက်တယ်။ တိုင်ကြားသူက ဝက်ဆိုက်မှာ တိုင်ရင် မှတ်ပုံတင်နံပတ် လေးနဲ့ အိုင်ဒီလေးတစ်ခုရမယ်။တိုင်ကြားသူက သူတိုင်ထားတာနဲ့ ပတ်သက်ပြီးဖြေရှင်းနေတဲ့ကာလတလျှောက်လုံးကိုကြည့်နိုင်မယ်။ အသက်အရွယ်ကြီးသူတွေအတွက် တိုင်ကြားချင်တဲ့အခါ လွယ်လွယ်ကူကူ တိုင်ကြားနိုင်အောင်လုပ်လိုက်တာပါ။ Call Center ဖုန်း ဖြစ်တဲ့ နံပါတ်၄ လုံးကိုပဲ မှတ်သားထားဖို့လိုတော့မှာပါ။ အဲဒီနံပါတ် ၄ လုံးကို ပဲ တစ်နိုင်လုံးကနေ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။’’ ဟု ဦးဆွေတင့်ကြူးကပြောသည်။

Call Center မှ ပြန်လည်ဖြေကြားမည့်အချိန်သည် ရုံးချိန် အတွင်းဖြစ်ကြောင်း၊ ရုံးချိန်ပြင်ပတွင် အသံဖမ်း ယူထား၍ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဆိုသည်။
နံပါတ် ၄လုံးအား အတည်မပြုရသေးကြောင်း၊ မှတ်ရလွယ်ကူမည့် နံပါတ် ၄လုံးအား သတ်မှတ်မည်ဖြစ်ကြောင်း၊ လက်ကိုင်ဖုန်းများ၊ လိုင်းဖုန်းများမှ ယင်းနံပါတ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း၎င်း ဆိုသည်။ ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ တိုင်ကြားမှုများမြင့်တက်လာကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.