Connect with us

Politics, Law & Military

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောကြား

တရုတ်နိုင်ငံတော် ကောင်စီဝင် ရန်ကျဲ့ချီ (Yang Jiechi ) နှင့် အိန္ဒိယနိုင်ငံ လုံခြုံရေးအကြံပေး အဂျစ် ကူမာ ဒိုဗလ်(Ajit Kumar Doval) တွေ့ဆုံစဉ် (ဆင်ဟွာ)

မြုးနစ်၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi)သည် ဖေဖော်ဝါရီ ၇ ရက်နေ့၌ ဂျာမဏီနိုင်ငံတွင် ကျင်းပသော (၅၁)ကြိမ်မြောက် မြူးနစ် လုံခြုံရေး အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်အတွင်း အိန္ဒိယနိုင်ငံ လုံခြုံရေးအကြံပေး အဂျစ် ကူမာ ဒိုဗလ်(Ajit Kumar Doval) နှင့်တွေ့ဆုံခဲ့သည်။

ယန်ကျဲ့ချီက နှစ်နိုင်ငံ ခေါင်းဆောင်းများ၏ ဦးဆောင်မှုဖြင့် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ မဟာဗျုဟာ ပူးပေါင်း ဆက်ဆံရေး သည် တိုးတက်ရေးလမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာဆောင်ရွက်ပြီး အခွင့်အရေးများ လက်မလွတ်စေရန် နှင့် အတားအဆီးများ ကိုဖယ်ရှားပြီး ပိုမိုခိုင်မာသော ပူးပေါင်းဆက်ဆံရေး တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံ အကြီးအကဲများ အပြန်အလှန် တွေ့ဆုံကြပြီး နိုင်ငံရေး ယုံကြည်မှု တိုးမြင့်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မီးရထားလမ်း ဖောက်လုပ်ရေး စသည်တို့ကို ကျယ်ပြန့် စွာ ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။အပြန်အလှန် ရိုသေလေးစားမှုထားရှိပြီး နှစ်နိုင်ငံ နယ်နိမိတ် ဆွေးနွေးပွဲ ကို တိုးတက်မှုရရှိရန် တက်ကြွစွာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ် ငြိမ်းချမ်း ရေး နှင့်တည်ငြိမ်ရေး ကို ထိန်းသိမ်းသွားရမည်ဖြစ်ပြီး နိုင်ငံတကာ ကိစ္စများတွင်လဲ ပူးပေါင်း ဆောင်ရွက် မှုများကို တိုးမြင့် သွားရန်လို အပ်ကြောင်း ယန်ကျဲ့ချီမှ ပြောကြားခဲ့သည်။အဆင့်ဆင့် ပူူပေါင်းဆောင်ရွက် မှုများပြုလုပ်ပြီး ဖွံဖြိုးဆဲနိုင်ငံ အချင်းချင်း အတူတကွ တိုးတက်မှု ရရှိရန် ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း လည်းပြောကြား ခဲ့သည်။

ဒိုဗလ် က အိန္ဒိယနိုင်ငံ အစိုးရသစ် ထူထောင်ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံအကြီးအကဲများ အပြန်အလှန် တွေဆုံမှု တိုးမြှင့်နိုင်ခဲ့ကြောင်း၊နှစ်နိုင်ငံ နယ်နိမိတ် အခြေအနေမှာလည်း တိုးတက်ကောင်းမွန် လာကြောင်း၊ တရုတ် နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့သည် အာရှဒေသ အတွင်းရှိ ဖွံဖြိုးတိုးတက်မှု အမြန်ဆုံး နိုင်ငံနှစ်ခုဖြစ် ကြောင်း၊ နှစ်နိုင်ငံ အကျိုးအမြတ် ရရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အရေးများစွာ တွေ့ကြုံ ခဲ့ရကြောင်း၊ အိန္ဒိယ အနေဖြင့် တရုတ်နိုင်ငံနှင့် ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားလိုကြောင်း၊ အတူတကွ စီးပွားရေးဖွံဖြိုးတိုးတက်မှု များဆောင်ရွက်ပြီး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု များ ထိန်းသိမ်း သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အိန္ဒိယအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ တိုးချဲ့နိုင်ရန်မျှော်လင့် ပြီး နှစ်နိုင်ငံ နယ်နိမိတ် ဆွေးနွေးရေးများတိုးတက်မှု ရရှိရန် ဆက်လက်ဆောင် ရွက်သွားကြမည်ဖြစ်ကြောင်း ဒိုဗလ် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.