Politics, Law & Military
သမ္မတရှီက တရုတ်နိုင်ငံ၏ အလုံးစုံပြန်လည်ပေါင်းစည်းရေး အောင်မြင်စေရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောကြား
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံ၏ အလုံးစုံပြန်လည်ပေါင်းစည်းရေးကို နားလည်သဘောပေါက်ပြီး ဆက်လက်ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ယနေ ့အောက်တိုဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သူ ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇ဝ ပြည့် ဂုဏ်ပြုအခမ်းအနားသို ့တက်ရောက် မိန် ့ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ရှေ ့ဆက်ရမယ့် ခရီးမှာ တစ်နိုင်ငံ စနစ်နှစ်မျိုးနဲ ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး စည်းမျဉ်းတွေကို ကျွန်တော်တို ့စွဲကိုင်ထားရပါမယ်။ ဟောင်ကောင် နဲ ့မကာအို ဒေသ တည်ငြိမ်ရေး အကျိုးဖြစ်ထွန်းရေးကို ဆက်လက်ထိန်းသိမ်းသွားရပါမယ်။ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးတွေမှာလည်း ငြိမ်းချမ်းမှုဖြစ်ပေါ်တိုးတက်အောင် အားထုတ်သွားရပါမယ်။ အမိမြေအပြည့်အဝ အလုံးစုံပြန်လည်ပေါင်းစည်းရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်ရင်း အားလုံးသော တရုတ်သားငယ်များ သမီးငယ်များ ပြန်လည်ပေါင်းစည်းမှုကို လုပ်ဆောင်သွားရမှာပါ” ဟူ၍ သမ္မတရှီက ပြောကြားခဲ့သည်။(Xinhua)