Politics, Law & Military
၈ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ ချန်ဒူမြို့တွင် ပြုလုပ်မည်

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူမြို့တွင် ဒီဇင်ဘာ ၂၄ ရက်၌ ပြုလုပ်မည့် ၈ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးတွင် ဝန်ကြီးချုပ် လီခဲ့ချန်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဟွာချွမ်းရင်က ဒီဇင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) တို့ တက်ရောက်မည် ဖြစ်ကြောင်း ဟွာက ဆိုသည်။
ယခုနှစ်သည် တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ အကျိုးအမြတ်ရှိသော ရလဒ်များလည်း ရရှိခဲ့ကြောင်း ဟွာက ဖြည့်စွက်ပြောခဲ့သည်။
ယခုနှစ်အစည်းအဝေးတွင် နောက်ထပ်ဆယ်စုနှစ်အပေါ် အာရုံစိုက်ခြင်း၊ သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအဆင့် တိုးမြှင့်ခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေး မြှင့်တင်ခြင်းများအတွက် ဆေွးနွေးကြမည်ဖြစ်ကြောင်း ဟွာက ပြောခဲ့သည်။ (Xinhua)