Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံရောက် တရုတ်လူမျိုးများက အမေရိကန် အောက်လွှတ်တော်မှ အတည်ပြုခဲ့သော ရှင်းကျန်းဒေသ နှင့် ဆက်စပ်သည့် ဉပဒေကြမ်းအား ပြစ်တင် ရှုတ်ချ

တရုတ်နိုင်ငံ ရှင်းကျန်း ယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာနေ ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံရောက် တရုတ်လူမျိုး အဖွဲ့အစည်း တစ်ချို့၏ ခေါင်းဆောင်များက အမေရိကန် အောက် လွှတ်တော်က အတည်ပြုခဲ့သော ရှင်းကျန်းဒေသ နှင့် ဆက်စပ်သော ဉပဒေကြမ်းအား အပြင်းအထန် ရှုံချခဲ့ကာ အခိုင်အမာ ဆန့်ကျင် ကြောင်း ပြောကြားခဲ့ကြသည်။

ယခုလ အစောပိုင်းက အတည်ပြုခဲ့သော ယူအီဂါလူ့အခွင့်အရေးမူဝါဒအက်ဥပဒေ ၂၀၁၉” ဟု ခေါ်သော ဉပဒေကြမ်းသည် တရုတ် နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူ့အခွင့်အရေး ကိစ္စရပ်များအပေါ် စံနှုန်း နှစ်မျိုးဖြင့် လုပ်ဆောင်နေခြင်းကို ပြသခြင်း ဖြစ်ကြောင်း အမေရိကန် အရှေ့ပိုင်း၏ အမေရိကန် တရုတ်လူမျိုးများ အသင်း ဉက္ကဋ္ဌ Liang Guanjun က ဒီဇင်ဘာ ၁၀ ရက်တွင် နယူးယောက်မြို့၌ ပြုလုပ်သော အမေရိကန် နိုင်ငံရောက် တရုတ်လူမျိုး ၁၀၀ ကျော် တက်ရောက်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံရေး လှုပ်ရှားမှုမှာ ရှင်းကျန်း ဒေသတွင် အကြမ်းဖက်မှု ပြန့်ပွားရေး အတွက် အားပေးလိမ့်မည် ဖြစ်ကြောင်း နှင့် အမေရိကန် – တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးမှု အပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

နယူးယောက် အခြေစိုက် တရုတ် ငြိမ်းချမ်းသော စည်းလုံးညီညွှတ်ရေး အသင်း ဉက္ကဋ္ဌ Ma Yue က အမေရိကန်များ ၊ အထူးသဖြင့် နယူးယောက်မြို့သားများမှာ အကြမ်းဖက်မှုကြောင့် ဖြစ်ရသော နာကျင်မှုကို နားလည်ကြောင်း ပြောကြားခဲ့သည်။

ရှင်းကျန်းဒေသ နှင့် ဆက်စပ်သည့် ဉပဒေကြမ်းအား အတည်ပြုခြင်းမှာ အမေရိကန် အောက်လွှတ်တော်က တရုတ် နိုင်ငံ၏ အကြမ်းဖက်မှု ပပျောက်ရေး ကြိုးပမ်းမှုများကို မျက်ကွယ်ပြုခဲ့ကြောင်း ၊ ယင်းလှုပ်ရှားမှုမှာ ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတား ဖြစ်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

 “ဘာဖြစ်လို့  အမေရိကန် နိုင်ငံမှာ တစ်ချို့ ရာဇဝတ်မှုတွေကို အကြမ်းဖက်မှု အဖြစ် သတ်မှတ်ပြီးတော့ တရုတ်နိုင်ငံထဲကျရင် အလားတူ ဖြစ်ရပ်မျိုးကိုတော့ လူ့အခွင့်အရေး ကာကွယ်တဲ့ လှုပ်ရှားမှုတွေ အဖြစ် သတ်မှတ်ကြတာလဲ။ဒါက စံနှုန်း နှစ်မျိုးနဲ့ လုပ်နေတာပဲ။” ဉက္ကဋ္ဌ Ma Yue က ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.