Connect with us

Politics, Law & Military

၈ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ ချန်ဒူမြို့တွင် ပြုလုပ်မည်

- ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲမှယာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူမြို့တွင် ဒီဇင်ဘာ ၂၄ ရက်၌ ပြုလုပ်မည့် ၈ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ အစည်းအဝေးတွင် ဝန်ကြီးချုပ် လီခဲ့ချန်က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဟွာချွမ်းရင်က ဒီဇင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) တို့ တက်ရောက်မည် ဖြစ်ကြောင်း ဟွာက ဆိုသည်။

ယခုနှစ်သည် တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ အကျိုးအမြတ်ရှိသော ရလဒ်များလည်း ရရှိခဲ့ကြောင်း ဟွာက ဖြည့်စွက်ပြောခဲ့သည်။

ယခုနှစ်အစည်းအဝေးတွင် နောက်ထပ်ဆယ်စုနှစ်အပေါ် အာရုံစိုက်ခြင်း၊ သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအဆင့် တိုးမြှင့်ခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေး မြှင့်တင်ခြင်းများအတွက် ဆေွးနွေးကြမည်ဖြစ်ကြောင်း ဟွာက ပြောခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.