Connect with us

Politics, Law & Military

[တောင်တရုပ်ပင်လယ် စီရင်မှု ဆန်းစစ်ချက် – ၂ ] တောင်တရုတ် ပင်လယ်အရေးတွင် အမေရိကန် နိုင်ငံ အနေဖြင့် ပိုမို ဘက်မျှသည့် စိတ်နေသဘောထား ရှိရန် လိုအပ်

အမေရိကန် ရေတပ် စစ်သင်္ဘော တစ်စင်းအား ပစိဖိတ် သမုဒ္ဒရာတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် ၂၀ ရာစုနှစ်အတွင်း ၁၉၆၀ ပြည့်လွန်နှစ်များ နှင့် ၁၉၇၀ ပြည့်လွန် နှစ်ပိုင်းအထိ တရုတ်နိုင်ငံ၏ တောင်တရုတ် ပင်လယ်ရှိ ကျွန်းစုများ၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မည့်သည့် နိုင်ငံမှ အငြင်းပွားခြင်းနှင့် သံသယ ဖြစ်ခြင်း မရှိခဲ့ဘဲ နောက်ပိုင်းတွင် အမေရိကန် နိုင်ငံ၏ သိပ္ပံပညာရှင် အချို့သည် တောင်တရုတ် ပင်လယ်တွင် ကြွယ်ဝသော ရေနံ အရင်းအမြစ်များ ရှိကြောင်း ထုတ်ပြန် ခဲ့ပြီးနောက်ပိုင်းတွင် အချို့နိုင်ငံများ၏ တောင်တရုတ် ပင်လယ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လိုလားတပ်မက်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်ပိုင်း ဆယ်စုနှစ် ကာလ တစ်ခုအတွင်း တောင်တရုတ် ပင်လယ် ပတ်ဝန်းကျင်ရှိ နိုင်ငံများမှာ စဉ်ဆက်မပြတ် တောင်တရုတ် ပင်လယ်ရှိ တရုတ် နိုင်ငံပိုင် ကျွန်းစုများကို စတင် ကျူးကျော် လာခဲ့ကြပါသည်။ သို့သော် နှစ်ဘက် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခြင်း များကို အဆက်မပြတ် လုပ်ဆောင် ခဲ့ခြင်းကြောင့် တောင်တရုတ် ပင်လယ်သည် ယေဘုယျအားဖြင့် တည်ငြိမ် အေးချမ်းမှုကို ရရှိ နိုင်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် တရုတ် နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာ စာတမ်း ( Declaration on the Conduct of Parties ) (DOC) ကို သဘောတူညီမှု ရရှိ နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (Code of Conduct in the South China Sea) (COC) ဆွေးနွေးမှုကို စတင် နိုင်ခဲ့သည်။
သို့သော် အမေရိကန် နိုင်ငံသည် ဆက်လက်၍ ငြိမ်သက် မနေဘဲ ၂၀၀၉ ခုနှစ် တွင် အာရှ-ပစိဖိတ် ပြန်လည် ဘက်မျှရေး ဟူသည် မဟာဗျူဟာကို ဖော်ဆောင်ခဲ့ပြီး တောင်တရုတ် ပင်လယ်တွင် လှုံ့ဆော်မှု များနှင့် တောင်တရုတ် ပင်လယ် အခြေအနေ တင်းမာမှု ဖြစ်ပွား လာစေရန် အကြိမ်ကြိမ် ပြုလုပ် ခဲ့ပြီး တောင်တရုတ် ပင်လယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေခဲ့သည်။ အမေရိကန် နိုင်ငံသည် မတည်ငြိမ်မှုများ ဖြစ်ပွားရာမှ တစ်ဆင့် မိမိ အကျိုးအမြတ် ရရှိနိုင်ရန် ဆောင်ရွက်သည့် စိတ်နေ သဘောထားကို ပေါ်လွှင် စေခဲ့သည်။
အစောပိုင်းတွင် အမေရိကန် နိုင်ငံသည် ၎င်း၏ တောင်တရုတ် ပင်လယ်အပေါ် ထားရှိသည့် ရပ်တည်မှုကို ဖော်ပြခြင်း မရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ် တွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင် နေသည့် ဟီလာရီ ကလင်တန် မှ တောင်တရုတ် ပင်လယ်ရှိ ကျွန်းစု များ၏ ပိုင်ဆိုင်မှု ကိစ္စရပ်သည် အမေရိကန် နိုင်ငံ၏ အကျိုးစီးပွား အပေါ် သက်ရောက်မှု ရှိကြောင်းကို ထုတ်ဖော်ပြောကြား ခဲ့ပြီး လက်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် နောက် တစ်ဆင့်တက်ကာ တရုတ်နိုင်ငံအား တိုက်ရိုက် ဝေဖန်မှု များပြုလုပ်ကာ တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများသည် ယမ်းအိုးပေါက်ကွဲစေရန် ဆောင်ရွက်နေခြင်း ဟု ပြောကြား ခဲ့သည်။ သို့သော် လက်တွေ့တွင်မှု အမေရိကန် နိုင်ငံသည် ထိုယမ်းအိုး ဆိုသည့် အရာကို တောင်တရုတ် ပင်လယ် အတွင်းသို့ သယ်ဆောင်လာခြင်း ဖြစ်ပြီး တစ်ဘက်တွင် “တရုတ် နိုင်ငံ ခြိမ်းခြောက်မှု” ဟူသည့် တရုတ် နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား သဘောထား ကွဲလွဲစေရန် လှုံ့ဆော်မှု များပြုလုပ် ခဲ့ပြီး တစ်ဘက်တွင် စစ်အင်အား ဖြန့်ကျက်မှုများ တိုးမြှင့်ကာ စစ်ရေး မဟာမိတ် အင်အား တိုးမြှင့် ခြင်းများကို ဆောင်ရွက်ခဲ့သည်။
သို့သော် အမေရိကန် နိုင်ငံ၏ အကျိုးစီးပွား ဆိုသည်မှာ မဟာဗျူဟာဖြင့် တရုတ် နိုင်ငံကို ဆန့်ကျင်ခြင်း ၊ မဟာမိတ်များ ဖွဲ့ကာ တရုတ် နိုင်ငံကို ဆန့်ကျင်ခြင်းနှင့် တရုတ် နိုင်ငံအပေါ် သဘောထား အမြင်များ နိမ့်ကျ ပျက်စီး ရန်သည် အဓိက ရည်ရွယ်ချက် ဖြစ်နိုင်ပါသည်။ ဤသည်မှာ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ အပေါ် အမေရိကန်နိုင်ငံ၏ ထားရှိသည် စိတ်နေ သဘောထားပင် ဖြစ်ပါသည်။
အမေရိကန် နိုင်ငံသည် ၎င်း၏ မူမမှန်သော စိတ်နေသဘောထား အား ဖုံးကွယ်ရန် အတွက် တောင်တရုတ် ပင်လယ်တွင်း လွတ်လပ်မှု ၊ တရား ဥပဒေ စိုးမိုးမှုနှင့် လုံခြုံမှု ဟူသည့် ရှေးရိုးစွဲ စကာလုံး ဟောင်းများအား အသုံးပြု၍ တောင်တရုတ် ပင်လယ်တွင်း ပြဿနာများ ဖြစ်ပွားရန်ကို ဆောင်ရွက် ခဲ့ပါသည်။
လွတ်လပ်မှုနှင့် ပတ်သက်၍ တောင်တရုတ် ပင်လယ် အတွင်း အမေရိကန် နိုင်ငံ၏ ဝင်ရောက် စွက်ဖက်ခြင်းအား ကြည့်လျင် အမေရိကန်နိုင်ငံ တောင်တရုတ် ပင်လယ် အရေး ဝင်ရောက် စွက်ဖက်ခြင်း မရှိစဉ်ကပင် နှစ်စဉ် သိန်းနှင့်ချီ သော သင်္ဘောများသည် တောင်တရုတ် ပင်လယ်တွင် မလွတ်လပ်ခြင်း ဟူသည့် ပြဿနာ မရှိခဲ့ဘဲ တောင်တရုတ် ပင်လယ်၏ လွတ်လပ်စွာ ရေကြောင်းသွားလာမှု မှတစ်ဆင့် ကမ္ဘာ့ ရေကြောင်း ကုန်သွယ်ရေး၏ ထက်ဝက်ခန့်ကို ထောက်ပံ့ပေး နိုင်ခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ် မှ စတင်၍ အမေရိကန် နိုင်ငံသည် တောင်တရုတ်ပင်လယ် ရေကြောင်းနှင့် လေကြောင်း လွတ်လပ်ရေး ဟူသည့် ဆောင်ပုဒ်ဖြင့် တောင်တရုတ် ပင်လယ်သို့ အကြိမ်ကြိမ် စစ်သင်္ဘောများ စေလွှတ်သည့် အပြင် တရုတ်နိုင်ငံပိုင် နန်ရှား ကျွန်းစု ရေပိုင်နက် အထိ ဝင်ရောက်မှု များရှိခဲ့ကာ နန်ရှား ကျွန်းစု လေပိုင်နက် အနီးသို့လည်း အကြိမ်ကြိမ် စစ်လေယာဉ် များစေလွှတ်ကာ ပျံသန်း စေခဲ့သည်။ ယင်းတို့ ပြုမူ ဆောင်ရွက်ခြင်းသည် နိုင်ထက်စီးနင်း ပြုလုပ်ခြင်း နှင့် ပြဿနာ ဖြစ်ပွားရန် ဆောင်ရွက်ခြင်း များပင် ဖြစ်သည်။
အမေရိကန် နိုင်ငံ ၏ တရားဥပဒေ စိုးမိုးမှု နှင့် ပတ်သက်၍ ဝင်ရောက် စွက်ဖက်ခြင်းသည်လည်း အမေရိကန် နိုင်ငံသည် လက်ရှိချိန်ထိ ကုလသမဂ္ဂ ရေကြောင်း ဥပဒေ ဆိုင်ရာ သဘောတူညီချက် (United Nations Convention on the Law of the Sea) (UNCLOS) တွင် ပါဝင်ခြင်း မရှိခဲ့ဘဲ အမေရိကန် နိုင်ငံ၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ စစ်အင်အားများအား ကမ္ဘာပေါ်ရှိ သမုဒ္ဒရာ အသီးသီးသို့ လွတ်လပ်စွာ သွားလာ နိုင်ရန်ဖြစ်ပြီး UNCLOS မချုပ်ဆိုမီ ၁၉၇၉ ခုနှစ် တွင် အမေရိကန်နိုင်ငံမှ ရေကြောင်းသွားလာမှု လွတ်လပ်ရေး အစီအစဉ်ကို ထုတ်ပြန် ခဲ့ကာ အပြည်ပြည် ဆိုင်ရာ ရေကြောင်း ဥပဒေ မူဘောင် ပြင်ပတွင် အမေရိကန် ပုံစံ ရေကြောင်း အခွင့်အာဏာ ရရှိရေးအား ဆောင်ရွက်ခဲ့ပြီး အမေရိကန်၏ ဆောင်ရွက်မှုကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ထိုဆောင်ရွက်မှု၏ ဆိုးကျိုးများကို ခံစား ခဲ့ရသည်။ ထို့ကြောင့် အမေရိကန် နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး ဟူသည့် ဆောင်ပုဒ်သည် မိမိ အတွက် အကျိုးဖြစ်ထွန်းစေရန် နှင့် အခွင့်အာဏာ ရရှိရန် အတွက် ဆောင်ရွက်ခြင်းသာ ဖြစ်သည်မှာ သေချာပါသည်။
အမေရိကန် နိုင်ငံ၏ လုံခြုံမှုနှင့် ပတ်သက်၍ တောင်တရုတ် ပင်လယ်တွင် ဝင်ရောက်စွက်ဖတ်ခြင်းသည် တရုတ် နိုင်ငံ ခြိမ်းခြောက်မှုကို အကြောင်းပြု၍ အမေရိကန် လုံခြုံရေး ကာကွယ်မှု ဟူသည့် မူဝါဒကို ဖြန့်ချိရန် ပင်ဖြစ်သည်။ အမေရိကန် နိုင်ငံသည် ၎င်း၏ မဟာဗျူဟာ ရည်ရွယ်ချက် ရောက်ရှိစေရန် နှင့် အာဆီယံ နိုင်ငံ များအား ၎င်း၏ မဟာဗျူဟာ ထောင်ချောက်အတွင်းသို့ ကျရောက် စေရန် အတွက် အရှေ့တောင် အာရှ ဒေသများတွင် တောင်တရုတ် ပင်လယ် တင်းမာမှု ပိုမို မြင့်တက် လာစေရန် အကြောင်းအရာ များဖန်တီးခြင်း ၊ တရုတ် နိုင်ငံ ခြိမ်းခြောက်မှု ဟူသည့် အယူဝါဒကို ဖြန့်ချိခြင်း နှင့် အမေရိကန် လုံခြုံရေး ကာကွယ်မှု ပုံစံ ဖြစ်ပေါ်စေရန်ကို တွန်းအားပေး ဆောင်ရွက် ခြင်းများ ဆောင်ရွက်ကာ ၎င်း၏ စစ်လက်နက် ပစ္စည်း ရောင်းချမှု တိုးမြှင့် နိုင်ရန် အတွက် ဆောင်ရွက် ခဲ့ပါသည်။ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း အမေရိကန် နိုင်ငံသည် ၎င်းတို့၏ စစ်ရေယာဉ် ထက်ဝက်ကျော်ကို ပစိဖိတ် သမုဒ္ဒရာထဲသို့ စေလွှတ်ခဲ့ပြီး အမေရိကန်-ဂျပန် ပူးပေါင်းမှု တိုးမြှင့်ခြင်းနှင့် အမေရိကန်-ဖိလစ်ပိုင် မဟာမိတ် ဖွဲ့ခြင်း စသည် တို့ကို ဆောင်ရွက်ကာ တောင်တရုတ် ပင်လယ် ရေပြင် အနီးတစ်ဝိုက်တွင် စစ်ရေး လေ့ကျင့်မှု များကို မကြာခဏ ပြုလုပ်ခြင်း ၊ မဟာမိတ် နိုင်ငံများနှင့် မိတ်ဆွေ နိုင်ငံ များဖြင့် တောင်တရုတ် ပင်လယ်တွင် ရည်ရွယ်ချက် ပြင်းထန်သည့် ပူးပေါင်း ကင်းလှည့် စစ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ခြင်း ၊ လေယာဉ်တင် သင်္ဘောများအား အာရှ-ပစိဖိတ် ဒေသသို့ ကြီးကျယ် ခန်းနားသည့် ပုံစံဖြင့် စေလွှတ်ခြင်း စသည့် ဆောင်ရွက်မှု များမှ တစ်ဆင့် စစ်အင်အား ခြိမ်းခြောက်မှု ပုံစံဖြင့် သက်ဆိုင်ရာ နိုင်ငံများမှ အမေရိကန် နိုင်ငံသို့ လာရောက် မှီခိုမှု ဖြစ်ပေါ် စေရန်နှင့် အမေရိကန် လုံခြုံရေး ကာကွယ်မှု ဆိုသည့် ပုံစံကို ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခြင်း များပြုလုပ်သည်။ ယင်း ဆောင်ရွက်မှု များမှ တစ်ဆင့် အမေရိကန် နိုင်ငံ၏ တိုက်ခိုက်မှုအား လိုလားနှစ်သက်သည့် စိတ်နေ သဘောထားကို သိရှိ နိုင်ပါသည်။
အာရှ-ပစိဖိတ် တည်ငြိမ်အေးချမ်းရေးသည် အမေရိကန် နိုင်ငံ၏ စိတ်နေသဘောထား ပေါ်တွင် အလုံးစုံ မူတည်ပါသည်။ အမေရိကန် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လာသည့် တရုတ် နိုင်ငံအား ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှု အတွက် အဓိက စိန်ခေါ်သည့် နိုင်ငံ အဖြစ် သဘောထားလာပြီး တောင်တရုတ် ပင်လယ်အရေးတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကာ စစ်အင်အား ကြွားဝါပြသခြင်း များကို ဆောင်ရွက်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ၏ တောင်တရုတ် ပင်လယ်အရေးအား နိုင်ငံတကာခုံရုံး Permanent Court of Arbitrition (PCA) သို့ ခုံရုံးတင် ဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ၏ တောင်တရုတ် ပင်လယ်တွင်း ဝင်ရောက် စွက်ဖက်မှု၏ အပေါ်ယံ အကာအကွယ် တစ်ခုတာဖြစ်ပြီး အမေရိကန် နိုင်ငံ၏ အကြောင်းပြချက် ၃ ခု အတွက် ကောင်းစွာ အကာအကွယ် ပေးနိုင်သော အကာအကွယ် တစ်ခု ဖြစ်စေခဲ့သည်။ သို့သော် အမေရိကန် နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဖုံးကွယ် ဆောင်ရွက်မှုသည် အလုံးစုံ ပြည့်စုံမှု ရှိသည်ဟု ထင်မှတ်ခဲ့သော်လည်း ပညာရှင်များ အနေဖြင့် အလွယ်တကူ သိမြင် နားလည် နိုင်ခဲ့ပါသည်။
အမေရိကန် နာမည်ကျော် ရှေ့နေ Bruce Fein က အမေရိကန် နိုင်ငံ၏ လက်ရှိ တောင်တရုတ် ပင်လယ်အရေး တွင် ထားရှိသည့် မူဝါဒသည် အန္တရာယ်များသည့် အင်ပါယာ အတွေးအခေါ် ဖြစ်ကာ တောင်တရုတ် ပင်လယ် အထိ သွားရောက်ပြီး တရုတ် နိုင်ငံ ခြိမ်းခြောက်မှု အယူဝါဒ အားသွားရောက် ဖြန့်ဝေ ခြင်းသည် ဒေသတွင်း အခြေအနေ စိုးရိမ်မှု ပိုမို မြင့်တက် စေလာပြီး အာရှဒေသ တွင်းရှိ နိုင်ငံ များကို အယူအဆ အမှားများ ပေးကာ အမေရိကန် နိုင်ငံအတွက် မည့်သည့် အကျိုးမှ မရှိစေ နိုင်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ ကာကွယ်ရေး တက္ကသိုလ် မဟာဗျူဟာ သုသေတန ဌာန ပါမောက္ခ ဟန်ရှူ့တုန်း (Han Xudong ) က အမေရိကန် နိုင်ငံ ၏ အာရှ-ပစိဖိတ် ဒေသသို့ အကြိမ်ကြိမ် လေယာဉ်တင် သင်္ဘော စေလွှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်းရှိ အချို့ နိုင်ငံ များမှ အမေရိကန်ဘက်သို့ ရပ်တည်လာ စေရန်နှင့် အချို့ နိုင်ငံ များမှ အမေရိကန် နှင့် ကွဲကွာမှု သဘောထား လျော့နည်းလာ စေရန် ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်မှု မျိုးသည် အမေရိကန် နိုင်ငံ၏ ပြုလုပ်နေကျ ဖြစ်သော စစ်အင်အား အသုံးပြု၍ မဟုတ်မမှန်သည့်သူမှ စတင်စွပ်စွဲ သည့် ပုံစံ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

စပိန် နိုင်ငံ Galician Institue နိုင်ငံတကာ ဆက်ဆံရေး သုသေသန အဖွဲ့ ဥက္ကဋ္ဌ Julio Rios က အမေရိကန် နိုင်ငံ၏ တောင်တရုတ်ပင်လယ် ရေကြောင်း သွားလာမှု လွတ်လပ်ခွင့် ထိန်းသိမ်းရေး ဆိုသည့် ခေါင်းစဉ်ဖြင့် တောင်တရုတ် ပင်လယ် အတွင်းသို့ အကြိမ်ကြိမ် ရေကြောင်းနှင့် လေကြောင်း စစ်အင်အား များ စေလွှတ်ခြင်းသည် UNCLOS တွင် ပါရှိသည့် ဥပဒေ အကြောင်းအရာ များကို ချိုးဖောက်ရာ ရောက်ပြီး ထိုဒေသ အတွင်း စစ်ရေး မတော်တဆမှု ဖြစ်ပွားရန် များစွာ မြင့်တက် စေခဲ့ကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ် ပညာရှင် ၊ အမေရိကန် နိုင်ငံ “Executive Intelligence Review” မဂ္ဂဇင်း ဝါရှင်တန် ဗျူရို ဌာနမှူး ဝီလျံ ဂျုံး မှ အမေရိကန် နိုင်ငံ သည် ဖိလစ်ပိုင် နိုင်ငံ၏ ပိုင်ဆိုင်မှု အငြင်းပွား နေသည့် တောင်တရုတ် ပင်လယ်အရေးတွင် ဆောင်ရွက်မှု အပေါ် ထောက်ခံအားပေးမှု ပြုလုပ်ခြင်းသည် အမေရိကန် နိုင်ငံ၏ တောင်တရုတ် ပင်လယ် အရေးတွင် မည့်သည့် နိုင်ငံ ဘက်မှ တစ်ဘက်သတ် ရပ်တည်မှု မရှိခြင်း ဟူသည့် မူရင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေညာချက်အား ဆန့်ကျင် ခဲ့ကြောင်း ၊ တောင်တရုတ် ပင်လယ် အား Geopolitics နယ်ပယ် တစ်ခု ဖြစ်အောင် ပြုလုပ် ခြင်းသည် မည်သည့် နိုင်ငံ အတွက်မှ အကျိုး မရှိနိုင်ကြောင်း ၊ နိုင်ငံရေး ပြဿနာ အပေါ်တွင် အပြည်ပြည် ဆိုင်ရာ ဥပဒေဖြင့် ဖုံးကွယ် ထားခြင်းသည် ကိစ္စရပ် အား ပိုမို ရှုပ်ထွေး စေနိုင်ကြောင်း ၊ ဘော်လကန် ၊ ပင်လယ်ကွေ့ ၊ အာဖဂန်နစ္စတန် ၊ အီရတ် နှင့် လစ်ဗျား စသည့် အမေရိကန် ပါဝင်ခဲ့သည့် ယခင်သမိုင်းကြောင်း ဖြစ်ရပ်များ အတွင်း အမေရိကန်၏ ပုံရိပ်ကို လူတိုင်း သိမြင် နိုင်ကြောင်း ၊ ထို့ကြောင့် အမေရိကန် နိုင်ငံ အနေဖြင့် အာရှ-ပစိဖိတ် ဒေသတွင် အပြုသဘော ဆောင်သည့် ထိရောက်မှု များရှိစေရန် အတွက် ဘက်မျှသည့် စိတ်နေသဘောထား ရှိရန် လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.