Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၌ ယူရို ၂ဝ၁၆ ဘောလုံးပြိုင်ပွဲအား လောင်းကစား ပြုလုပ်သူ ၂၃၆ ဦးကို ဖမ်းဆီးထား

ပြင်သစ်နိုင်ငံတွင် ကျင်းပနေသည့် ယူရို ၂ဝ၁၆ ဘောလုံးပြိုင်ပွဲ အမှတ် တံဆိပ်ပုံ အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယူရို ၂ဝ၁၆ ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ် အနိုင်အရှုံး အပေါ် အလောင်းကစားပြုလုပ်သူ ၂၃၆ အား ဖမ်းဆီး အရေးယူထားကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) က ဇူလိုင်လ ၃ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ လောင်းကစား ပြုလုပ်သူများသည် အွန်လိုင်းတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြား လောင်းကစား ဝက်ဘ်ဆိုဒ်များမှ တဆင့် အလောင်းအစား ပြုလုပ်ကြခြင်း ဖြစ်ကြောင်း နှင့် လောင်းကြေးငွေမှာ တရုတ်ယွမ် ၂၈ သန်းကျော် ( အမေရိကန်ဒေါ်လာ ၄.၂ သန်း) ကျော် အထိ ရှိကြောင်း ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ကဆိုသည်။
တရုတ် ရဲတပ်ဖွဲ့ဝင်များသည် အွန်လိုင်းပေါ်ရှိ လောင်းကစား ဝက်ဘ်ဆိုဒ်များကို ယခုနှစ် ဧပြီလမှ စတင်ကာ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ၂ဝ၁၆ ခုနှစ် ဇွန်လ ၁၄ ရက်မှ စတင်ပြီး တရုတ်နိုင်ငံ ဂွမ်းဒေါင်းပြည်နယ် ရှန်ဇန်မြို့နှင့် လိုင်အွန်နင်းပြည်နယ် ရှန်ရန် မြို့များ၌ လောင်းကစား ပြုလုပ်ရန် အွန်လိုင်းပေါ်မှ စည်းရုံးလှုံ့ဆော်မှုပေါင်း များစွာကို မကြာခဏ တွေ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။
တရုတ်နိုင်ငံ အတွင်းရှိ လောင်းကစား ပြုလုပ်သူများသည် နိုင်ငံခြား လောင်းကစား ဝက်ဘ်ဆိုဒ်များကို အသုံးပြုပြီး နိုင်ငံဖြတ်ကျော် လောင်းကစားမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေကြောင်း နှင့် အဆိုပါ ဝက်ဘ်ဆိုဒ်များသည် လွန်ခဲ့သော နှစ်များမှ စတင်ကာ တရုတ်လောင်းကစား ပြုသူများအား ဆွဲဆောင်မှု ပြုလုပ်လျက် ရှိကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.