Science & Technology
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များ ကွမ်တမ်တွက်ချက်မှုဆိုင်ရာ အကျိုးကျေးဇူးရရှိ
ဟဲဖေး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
တရုတ်နိုင်ငံ၏ နာမည်ကျော် ကွမ်တမ် (quantum) ရူပဗေဒပညာရှင် Pan Jianwei ပါဝင်သော သုတေသနအဖွဲ့သည် ကွမ်တမ် ကွန်ပျူတာဆိုင်ရာ အကျိုးကျေးဇူးကို ရရှိနေပြီဖြစ်ကြောင်း အရေးပါသော ကွန်ပျူတာတွက်ချက်ခြင်းဆိုင်ရာ ထိုးဖောက်ကျော်လွှားမှုတစ်ခုကို ဒီဇင်ဘာ ၄ ရက်က ကြေညာခဲ့သည်။
အဆိုပါ အဖွဲ့သည် “Jiuzhang” ဟု အမည်ပေးထားသော ကွမ်တမ် ကွန်ပျူတာရှေ့ပြေးပုံစံကို တည်ဆောက်ခဲ့ပြီး ဖိုတွန် (photon) အရေအတွက် ၇၆ ခုကို အာရုံခံနိုင်ကြောင်းသိရသည်။ ယင်းလေ့လာမှုကို Science အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
၎င်းအောင်မြင်မှုသည် တရုတ်နိုင်ငံအနေဖြင့် “quantum supremacy” ဟု လူသိများသည့် ကွမ်တမ်တွက်ချက်မှုဆိုင်ရာ အကျိုးကျေးဇူးတစ်ခုဖြစ်သော ကွမ်တမ်တွက်ချက်မှု အပြည့်အဝအသုံးပြုခြင်းလမ်းကြောင်ပေါ် ပထမဆုံး သမိုင်းမှတ်တိုင်သို့ ရောက်ရှိခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။
Jiuzhang ၏ ကွမ်တမ်တွက်ချက်မှုစနစ်သည် ကမ္ဘာပေါ်တွင် လက်ရှိအမြန်ဆုံး စူပါကွန်ပျူတာထက် Gaussian boson sampling (GBS) ၁၀၀ ထရီလီယံ ပိုမြန်အောင် စွမ်းဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ယခုရှေ့ပြေးပုံစံသည် Google မှ တီထွင်ထားသော 53-qubit ကွမ်တမ်ကွန်ပျူတာထက် အဆပေါင်း ၁၀ ဘီလီယံ မြန်ဆန်စွာလုပ်ဆောင်နိုင်ကြောင်း သုတေသနအဖွဲ့က ဆိုသည်။
“ကွမ်တမ်တွက်ချက်မှုဆိုင်ရာ အကျိုးကျေးဇူးက လမ်းစတစ်ခုလိုပါပဲ” ဟု တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ပါမောက္ခ Lu Chaoyang က ပြောခဲ့သည်။
“ဆိုလိုတာကတော့ ကွမ်တမ်ကွန်ပျူတာရှေ့ပြေးပုံစံအသစ်ရဲ့ စွမ်းဆောင်မှုက လက်တွေ့လုပ်ငန်းတွေ ကိုင်တွယ်ရာမှာ အကြံ့ခိုင်ဆုံး ပုံမှန်ကွန်ပျူတာကို ကျော်တက်သွားတဲ့အခါ ဒါဟာ အခြားနယ်ပယ်များစွာမှာ ထိုးဖောက်ကျော်လွှားမှုတွေ လုပ်ဆောင်နိုင်မယ်ဆိုတာ သက်သေပြနေပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ထိုးဖောက်အောင်မြင်မှုသည် အရည်အသွေးမြင့်မားသော ဖိုတွန်အရင်းအမြစ်အပါအဝင် အဓိကနည်းပညာ အခက်အခဲများစွာကို ကျော်လွှားခဲ့ရသည့် Pan ၏အဖွဲ့မှ နှစ်ပေါင်း ၂၀ ကြာ ကြိုးပမ်းအားထုတ်မှု၏ ရလဒ်လည်းဖြစ်သည်။
“ဥပမာအနေနဲ့ ကျွန်တော်တို့တွေ အချိန်တိုင်းမှာ ရေတစ်ငုံသောက်ရဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ အချိန်တိုင်းမှာ ရေမော်လီကျူးတစ်ခုပဲ သောက်ဖို့တော့ ခက်ခဲပါတယ်” ဟု Pan က ဆိုသည်။ “အရည်အသွေးမြင့်မားတဲ့ ဖိုတွန်အရင်းအမြစ်တစ်ခုဟာ အချိန်တိုင်းမှာ ဖိုတွန်တစ်ခုပဲ ထုတ်ဖို့လိုပါတယ်။ ပြီးတော့ ဖိုတွန်တိုင်းဟာ အတိအကျတူညီနေဖို့လည်း လိုပါသေးတယ်။ တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ”
သမားရိုးကျ ကွန်ပျူတာများနှင့် နှိုင်းယှဉ်ပါက Jiuzhang သည် လက်ရှိတွင် “နယ်ပယ်တစ်ခုမှာ ချန်ပီယံ” ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်း၏ စူပါတွက်ချက်မှု စွမ်းဆောင်ရည်တွင် ဂရပ်သီအိုရီ၊ စက်ပစ္စည်းလေ့လာမှုနှင့် ကွမ်တမ်ဓာတုဗေဒ စသည့်နယ်ပယ်များ၌ အလားအလာရှိ ဖြစ်ကြောင်း သုတေသနအဖွဲ့က ဆိုသည်။
#China, #Quantum, #Computer, #Xinhua, #တရုတ်, #ကွန်ပျူတာ, #ဆင်ဟွာ
…………………………………………
(English Version)
Chinese scientists achieve quantum computational advantage
HEFEI, Dec. 4 (Xinhua) — A research team including renowned Chinese quantum physicist Pan Jianwei announced Friday a significant computing breakthrough, achieving quantum computational advantage.
The team established a quantum computer prototype, named “Jiuzhang,” via which up to 76 photons were detected. The study was published in Science magazine online.
This achievement marks that China has reached the first milestone on the path to full-scale quantum computing — a quantum computational advantage, also known as “quantum supremacy,” which indicates an overwhelming quantum computational speedup.
No traditional computer can perform the same task in a reasonable amount of time, and the speedup is unlikely to be overturned by classical algorithmic or hardware improvements, according to the team.
In the study, Gaussian boson sampling (GBS), a classical simulation algorithm, was used to provide a highly efficient way of demonstrating quantum computational speedup in solving some well-defined tasks.
The average detected photon number by the prototype is 43, while up to 76 output photon-clicks were observed.
Jiuzhang’s quantum computing system can implement large-scale GBS 100 trillion times faster than the world’s fastest existing supercomputer.
The team also said the new prototype processes 10 billion times faster than the 53-qubit quantum computer developed by Google.
“Quantum computational advantage is like a threshold,” said Lu Chaoyang, professor of the University of Science and Technology of China. “It means that, when a new quantum computer prototype’s capacity surpasses that of the strongest traditional computer in handling a particular task, it proves that it will possibly make breakthroughs in multiple other areas.”
The breakthrough is the result of 20 years of effort by Pan’s team, which conquered several major technological stumbling blocks, including a high-quality photon source.
“For example, it is easy for us to have one sip of water each time, but it is difficult to drink just a water molecule each time,” Pan said. “A high-quality photon source needs to ‘release’ just one photon each time, and each photon needs to be exactly the same, which is quite a challenge.”
Compared with conventional computers, Jiuzhang is currently just a “champion in one single area,” but its super-computing capacity has application potential in areas such as graph theory, machine learning and quantum chemistry, according to the team. Enditem