Connect with us

Science & Technology

တရုတ်နိုင်ငံက ဒုတိယမြောက် လေယာဉ်တင် သင်္ဘောတည်ဆောက်

Liaoning ပထမမြောက် လေယာဉ်တင် သင်္ဘောကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက Liaoning ပြည်နယ် အရှေ့မြောက်ဘက်ရှိ Dalian ဆိပ်ကမ်းမြို့၌ ဒုတိယမြောက် လေယာဉ် တင် သင်္ဘောအား ကိုယ်ပိုင် ဒီဇိုင်းထုတ် တည်ဆောက်နေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ဒီဇင်ဘာ ၃၀ ရက်က အတည်ပြု ပြောကြားလိုက်သည်။

အဆိုပါ သင်္ဘောသည် မက်ထရစ်တန် ၅၀,၀၀၀ သယ်ဆောင်နိုင်ပြီး J-15 တိုက်ခိုက်ရေးယာဉ်နှင့် အခြား လေယာဉ် အမျိုးအစားများအတွက် အခြေစိုက်စခန်း ဖြစ်လာမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Yang Yujun က လစဉ် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောသည်။

သင်္ဘောပေါ်ရှိ လေယာဉ်မှာ ski-jump ပြေးလမ်းကို အသုံးပြု၍ ပျံသန်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခု ဒုတိယမြောက် သင်္ဘော၏ ဒီဇိုင်း နှင့် တည်ဆောက်ခြင်းမှာ ပထမသင်္ဘော Liaoning မှ ရရှိခဲ့သည့် အတွေ့အကြုံ၊ သုတေသနနှင့် လေ့ကျင့်မှုများအား အခြေခံ၍ ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ အနေဖြင့် ယခုလို ဒုတိယမြောက် သင်္ဘောတည်ဆောက်ခြင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ရန် ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ရေတပ် လေ့လာရေး သုတေသန တက္ကသိုလ်၏ သုတေသီ ကျန်း ကျွင့်ရှဲ့က ပြောသည်။

၎င်းကပဲ ပထမသင်္ဘော Liaoning နှင့် နှိုင်းယှဉ်ပြရာတွင် ဒုတိမြောက်သင်္ဘောမှာ ပိုမို ပြည့်စုံသော နည်းပညာနှင့် စွမ်းဆောင်ရည်များ ပါဝင်ကြောင်း မှတ်ချက်ပြုထားသည်။ (Xinhua)