Connect with us

Science & Technology

အာရှ၏ အကြီးဆုံး မြေအောက် ရထားဘူတာအား တရုတ်နိုင်ငံ၌ ဖွင့်လှစ်သွားမည်

တရုတ်နိုင်ငံ ရှန့်ကျန်းမြို့၌ အာရှ၏ အကြီးဆုံး မြေအောက် ရထားဘူတာအား တည်ဆောက်နေစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ရှိ မြို့တစ်မြို့ ဖြစ်သည့် ရှန့်ကျန်းတွင် အာရှ၏ အကြီးဆုံးသော မြေအောက် ရထားဘူတာ အား ဒီဇင်ဘာလ ၂၉ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး ကွမ်ကျိုး နှင့် ဟောင်ကောင် ကြား ခရီးသွားချိန်ကို နာရီဝက် အထိ လျှော့ချနိုင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရှန့်ကျန်းမြို့လယ်ရှိ ဖူထျန်း မြန်နှုန်းမြင့် ရထားဘူတာသည် ဘောလုံးကွင်း ၂၁ ကွင်းစာ နှင့် ညီမျှသည့် ၁၄၇,၀၀၀ စတုရန်း မီတာ အတွင်းရှိ ရထားပို့ဆောင်ရေး လုပ်ငန်းများအား လွှမ်းခြုံ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘူတာရုံ၏ မြေအောက်ထပ် သုံးထပ်တွင် ခရီးသည်ပေါင်း ၃,၀၀၀ တပြိုင်နက်တည်း ရထား စောင့်ဆိုင်း နိုင်ရန် အတွက် ထိုင်ခုံ အလုံးပေါင်း ၁,၂၀၀ ထည့်သွင်း ပေးထားကြောင်း ကွမ်ကျိုး မီးရထားလမ်း ကော်ပိုရေးရှင်း၏ ပြောကြားချက်အရ သိရသည်။

ကွမ်ကျိုးနှင့် ဟောင်ကောင်ကြား ခရီးသွားချိန်ကို နာရီဝက် အထိ လျှော့ချနိုင်ပေးနိုင်ပြီး ရှန့်ကျန်းမြို့နေများ အတွက် ဟောင်ကောင်သို့ သွားရန် ၁၅ မိနစ်သာ အချိန်ပေးရန် လိုအပ်ကြောင်း သိရသည်။

ရထားပြေးဆွဲမည့် အချိန်ဇယား အရ မြန်နှုန်းမြင့် ရထား ၁၁ စီး အား ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၉ ရက် အထိ ပြေးဆွဲသွားမည် ဖြစ်ပြီး အခြား ရထား ၁၂ စီးကို ဇန်နဝါရီလ ၁၀ ရက်မှ စ၍ မူလ ရထားများနှင့် ထပ်ပေါင်း ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)