Connect with us

Science & Technology

ဂြိုလ်သိမ် ၅ ခုအား တရုတ် ထိပ်တန်း သိပ္ပံပညာရှင်များ၏ အမည်ဖြင့် သတ်မှတ်

နိုဗယ်ဆုရှင် တူးယို့ယိုး အပါအဝင် တရုတ် ထိပ်တန်း သိပံ္ပပညာရှင် များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဂြိုဟ်သိမ် ၅ ခုအား တရုတ်နိုင်ငံ၏ ပထမဆုံးသော ဆေးပညာ နိုဗယ်ဆုရ တူးယို့ယိုး (Tu Youyou) အပါအဝင် တရုတ် ထိပ်တန်း သိပ္ပံ ပညာရှင်များ၏ အမည်ဖြင့် သတ်မှတ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် က ကျင်းပခဲ့ကြောင်း သိရသည်။

အမည် သတ်မှတ်ခြင်းအား တရုတ်သိပ္ပံ အကယ်ဒမီ (CAS) ၏ အမျိုးသား အာကာသ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ မှ အကြံပြု ထောက်ခံခဲ့ပြီး နိုင်ငံတကာ အာကာသ သမဂ္ဂ (IAU) ၏ အရံဂြိုဟ် စင်တာ မှ အတည်ပြု ပေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုရန်တုံး (Liu Yandong) က အခမ်းအနားတွင် သိပ္ပံ ပညာရှင်များအား အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုဗယ်ဆုရှင် တူးယို့ယိုး မှ လွဲ၍ ကျန် သိပ္ပံပညာရှင် ၄ ဦးသည် မကြာသေးမီက နိုင်ငံ၏ အမြင့်ဆုံး သိပ္ပံ ဆုဖြစ်သည့် နိုင်ငံတော် အဆင့် ထိပ်သီး သိပ္ပံပညာ နှင့် နည်းပညာဆိုင်ရာ ဆုကို လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

ဂြိုဟ်သိမ် ၅ ခုအား ၁၉၉၅ ခုနှစ် နှင့် ၁၉၉၉ ခုနှစ် အတွင်း တရုတ်နိုင်ငံ မြောက်ပိုင်း ရှင်းလုံ လေ့လာ စောင့်ကြည့်ရေး စခန်း တွင် ပြုလုပ်ခဲ့သည့် Beijing Schmidt CCD Asteriod Program မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ နည်းဥပဒေများ အရ MPC ၏ အတည်ပြုချက် ရရှိထားသော ဂြိုဟ်သိမ် ရှာဖွေ တွေ့ရှိသူများသည် တွေ့ရှိသည့် ဂြိုဟ်သစ် အား အမည် ပေးပိုင်ခွင့် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.