ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ စက်ရုပ်တီထွင် ထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် ၁၄၈,၀၀၀ ခု ရှိခဲ့ရာ ကမ္ဘာ့စက်ရုပ်ထုတ်လုပ်မှု စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းကျော် ရှိကြောင်း၂၀၁၉ ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံတွင် တရုတ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ပေကျင်း၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက သိပ္ပံပညာရပ်ဆိုင်ရာ စီမံကိန်း ၄၁,၇၅၂ ခုအား ငွေကြေးထောက်ပံ့ရန် ယွမ် ၂၁ ဒဿမ ၀၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉၉ ဘီလီယံ) သုံးစွဲရန်ရှိကြောင်း အမျိုးသား သဘာဝသိပ္ပံပညာရပ်ဆိုင်ရာ ဖောင်ဒေးရှင်း (NSFC) က သြဂုတ်လ...
ပေကျင်း၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လကမ္ဘာသွားယာဉ် Yutu-2 သည် လပေါ်တွင် မည်သူမျှမရောက်သေးသည့်နေရာ၌ လကမ္ဘာ၏အခြားတစ်ဖက်ခြမ်းတွင် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းရှာဖွေမှု လုပ်ဆောင်ရန် ၂၇၁ မီတာ မောင်းနှင်သွားရောက်ခဲ့ကြောင်း သိရသည်။
နန်ကျင်း ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) စမ်းသပ် ပျံသန်းမှုပေါင်းများစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်သော C919 ဂျမ်ဘိုဂျက်လေယာဉ်ကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် နိုင်ငံ၏ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပျံသန်းခွင့်လက်မှတ်ရရှိရန် စီစဉ်ထားကြောင်း C919 ဒီဇိုင်းအကြီးအကဲ Wu Guanghui ၏ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ZTE ကော်ပိုရေးရှင်းက တရုတ်နိုင်ငံဈေးကွက်အတွင်းသို့ ပထမဦးဆုံး 5G ဖုန်းဒီဇိုင်း(မော်ဒယ်) 5G စမတ်ဖုန်းများကို သြဂုတ် ၅ ရက် တွင် စတင်ရောင်းချခဲ့ကြောင်း ထို (ZTE) ကုမ္ပဏီ ၏ Wechat တွင် တရားဝင်ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လေဆိပ်တစ်ခုတွင် တရုတ်နိုင်ငံ၏ စတုတ္ထမြောက် C919 ခရီးသည်တင်လေယာဉ်ကြီးအား သြဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် ပထမဆုံးပျံသန်းခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ဆိုလာစွမ်းအင်သုံး မောင်းသူမဲ့လေယာဉ် “MOZI 2” အား ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း ယင်းလေယာဉ်ထုတ်လုပ်သူ OXAI Aircraft ကုမ္ပဏီလီမိတက်က ဇူလိုင်လ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ရှန်းကျန့်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဟွာဝေးက ၎င်း၏ပထမဆုံး 5G မိုဘိုင်းဖုန်းအား စီးပွားဖြစ်အသုံးပြုရန်အတွက် ၎င်းတို့၏ရုံးချုပ်ရှိရာ ရှန်းကျန့်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်ခုအား တင်ဆောင်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ထျန်ကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်းသည့် စီမံကိန်းတစ်ခုဖြစ်သောထျန်ကျင်း Eco-city တစ်မြို့လုံးတွင် ယခုနှစ်ကုန်ပိုင်း၌ 5Gကွန်ယက်နည်းပညာ အသုံးပြုမှု တိုးတက်လာလိမ့်မည်ဟု အဆိုပါမြို့ ၏ စီမံခန့်ခွဲမှုဗျူရိုက ဇူလိုင်လ ၁၆ ရက် တွင်ပြောသည်။