Connect with us

Science & Technology

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ မာလ်တီမီဒီယာ ဂြိုဟ်တုနှစ်ခု ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ စေလွှတ်

KL-a-A နှင့် KL-a-B တို့အား Kuaizhou-1A (KZ-1A) ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံဖြင့် လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကျူးချွမ်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျူးချွမ်း ဂြိုဟ်တုလွှင်တင်ရေးစင်တာမှ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုနှစ်ခုကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုဝင်ဘာ ၁၇ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။

ကမာ္ဘလုံးဆိုင်ရာ ဂြိုဟ်တုနှစ်ခုဖြစ်သော KL-a-A နှင့် KL-a-B တို့အား Kuaizhou-1A (KZ-1A)  ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ညနေ ၆:၀၀ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ဂြိုဟ်တုနှစ်ခုသည် တရုတ် သိပ္ပံပညာတက္ကသိုလ်၏ မိုက်ခရိုဂြိုဟ်တုဆိုင်ရာ တီထွင်ဆန်းသစ်မှုတက္ကသိုလ်က ထုတ်လုပ်သော နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများဖြစ်သည်။ ၎င်းတို့ကို Ka-band ဆက်သွယ်ရေးနည်းပညာ စမ်းသပ်မှုအတွက် အဓိက အသုံးပြုမည် ဖြစ်ပြီး အသုံးပြုသူမှာ ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

KZ-1A သည် စိတ်ချရမှုမြင့်မားပြီး ပြင်ဆင်ချိန်တိုတောင်းသည့် စရိတ်ကျဉ်းလောင်စာဆီသုံး သယ်ဆောင်ရေးဒုံးပျံတစ်ခုဖြစ်သည်။ ထိုဒုံးပျံကို တရုတ်နိုင်ငံ အာကာသသိပ္ပံနှင့် စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းအောက်ရှိ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားခြင်းဖြစ်ကာ ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် မိုက်ခရိုဂြိုဟ်တုများ လွှတ်တင်ရာတွင် အဓိက အသုံးပြုလျက်ရှိသည်။နိုဝင်ဘာ ၁၇ ရက်က လွှတ်တင်မှုမှာ KZ-1A ဒုံးပျံကို အသုံးပြုလျက် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)