Connect with us

Science & Technology

“ကမာ္ဘ့အိမ်သာနေ့”အထိမ်းအမှတ် တရုတ်နိုင်ငံ၌ အိမ်သာအဆင့်မြှင့်တင်ရေး ဆောင်ရွက်

တရုတ်နိုင်ငံတစ်ဝန်းရှိ သန့်ရှင်းသပ်ရပ်သော အဆင့်မြင့် အိမ်သာများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်သည် “ကမာ္ဘ့အိမ်သာနေ့” ဖြစ်ပြီး ယခုနှစ်တွင် “ မည်သူမျှနောက်ကျ ကျန်ရစ်မနေရ” ဟူသော ဆောင်ပုဒ်ဖြင့် ကမာ္ဘအိမ်သာနေ့ အထိမ်းအမှတ်ကို  ကျင်းပခဲ့ကြောင်း သိရသည်။

ကမာ္ဘ့ စုစုပေါင်း လူဉီးရေ၏ ထက်ဝက်ကျော် ( လူပေါင်း သန်း ၄,၀၀၀ ကျော်) သည် ရောဂါဘယ ဘေးအန္တရာယ် လုံခြုံစိတ်ချရခြင်း မရှိသော နေရာများတွင် ( အိမ်သာမရှိဘဲ) အညစ်အကြေးစွန့်ပစ်နေရကြောင်း ကမာ္ဘ့ကုလသမဂ္ဂမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်မှစတင်ကာ “ အိမ်သာ ပြုပြင်တည်ဆောက်ရေး” အစီအစဉ်ကို အရှိန်အဟုန်မြင့်ဆောင်ရွက်ခဲ့ပြီး  အထူးသဖြင့် ကမာ္ဘလှည့် ခရီးသွားနေရာများ၌ အိမ်သာအဆင့်မြှင့်တင်မှုကို  တွန်းအားပေးဆောင်ရွက်ခဲ့သည်။ 

အဆိုပါ အိမ်သာအဆင့်မြှင့်တင်ရေး လှုပ်ရှားမှုအရ တရုတ်နိုင်ငံအတွင်းရှိ မြို့ကြီးများ၌ အများသုံးသန့်စင်ခန်းများ တိုးတက်ကောင်းမွန်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်ဒေသများတွင် ပိုမိုကောင်းမွန်သော မိသားစုသုံး အိမ်သာများကိုလည်း တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

မည်သူမျှနောက်ကျ ကျန်ရစ်မနေရ ဆိုသည့်အတိုင်း တရုတ်နိုင်ငံ၏ “အိမ်သာ ပြုပြင်တည်ဆောက်ရေး” အစီအစဉ်ဖြင့် တရုတ်နိုင်ငံအတွင်း အဆင့်မြှင့်တင်ထားသော သန့်ရှင်းလှပသောအိမ်သာများ၏ ဓာတ်ပုံများကို တွေ့မြင်ရမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.