Connect with us

Science & Technology

ရှောင်မီက စမတ်ဖုန်းနှင့် တီဗီများတွင် ငလျင်သတိပေးမှု လုပ်ဆောင်ချက် ထည့်သွင်းထား

ရှောင်မီ နည်းပညာကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌ လိန်းကျွင်းအား တေွ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှောင်မီ (Xiaomi) နည်းပညာလုပ်ငန်းက ၎င်းတို့၏ စမတ်ဖုန်းနှင့် တီဗီထုတ်ကုန်များမှာ ယခုအခါ တတိယမြောက် ကြားခံ app များအသုံးမပြုဘဲ ငလျင်သတိပေးချက်များကိုပါ ဖမ်းယူနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။

ရှောင်မီနှင့် Care-Life ပြည်တွင်း ငလျင်သတိပေးချက် သုတေသန လက်တွေ့စမ်းသပ်မှုအဖွဲ့တို့ ပူးတွဲ တီထွင်ထားသော နည်းပညာသည် စမတ်ဖုန်းနှင့် တီဗီအသုံးပြုသူများကို ငလျင်လှိုင်းမလှုပ်ခတ်မီ စက္ကန့်ပိုင်း သို့မဟုတ် စက္ကန့်များစွာအချိန်အတွင်း သတိပေးသံနှင့် မြည်သံတစ်ခုခုဖြင့် သတိပေးသွားမည်ဖြစ်သည်။

Mi 9 Pro 5G ဖုန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရှောင်မီ ဖုန်းအရောင်းပြခန်းတစ်ခုတွင် ဖုန်းဝယ်ယူရန် ကြည့်ရှုနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ထုတ်ကုန်များ၌ သတိပေးချက်များ တပ်ဆင်ထားခြင်းဖြင့် ဆက်စပ်သော App များ ဒေါင်းလုတ် (Download) ပြုလုပ်ရန်လိုအပ်မှုကို ဖယ်ရှားနိုင်ပြီး ကြားကာလအချိန်ကို လျှော့ချပေးနိုင်မည်ဖြစ်ခြင်းကြောင့် အစောပိုင်း ငလျင်သတိပေးချက်များကို ထိရောက်မှုရှိစေရန် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ရှောင်မီ၏ Developer နှစ်ပတ်လည် ကွန်ဖရင့်၌ Care-Life အဖွဲ့ ညွှန်ကြားရေးမှူး ဝမ်သွန်းက ပြောခဲ့သည်။

ယင်းလုပ်ဆောင်ချက်အား ရှောင်မီ၏ အန်းဒရွိုက်အခြေခံ Operating System MIUI ဗားရှင်းနှင့် MiUI ၏ တီဗီဗားရှင်းတို့၌ ထည့်သွင်းထားခြင်းဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို လက်ရှိတွင် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ ရရှိပြီဖြစ်ပြီး နိုင်ငံတစ်ဝန်း တဖြည်းဖြည်းချင်း ရရှိနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။

လုပ်ဆောင်ချက်အသစ်သည် Internet of Things (IoT) Application မြှင့်တင်ရေး ကုမ္ပဏီ၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် 5G, ဉာဏ်ရည်တုနှင့် IoT တို့၌ ရင်းနှီးမြှပ်နှံမှု တည်ဆောက်သွားမည်ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် အနည်းဆုံး 5G လက်ကိုင်ဖုန်း ၁၀ လုံး ထွက်ရှိလာမည်ဖြစ်ကြောင်း ရှောင်မီကုမ္ပဏီ ဥက္ကဋ္ဌ လိန်းကျွင်းက ပြောခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.