Connect with us

Sport

တရုတ်၏ ရွက်လှေမြို့တော်မှ ထူးချွန်စွာ ပါဝင် ထောက်ပံ့မှု ဆုရရှိ

တရုတ်နိုင်ငံ၏ နံပါတ် (၁) ရွက်လှေသမား ကော်ချွမ်း အား သူ၏ ကမ္ဘာပတ် စံချိန်မချိုးမီ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က မြင်တွေ့ရစဉ် (ဆင်ဟွာ)

ချင်ဒေါင်း၊ နိုဝင်ဘာလ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရွက်လှေ မြို့တော်ဟု တင်စား ခေါ်ဝေါ်ကြသော ချင်သောင် (Qingdao) မြို့အား ထူးချွန်စွာ ပါဝင် ထောက်ပံ့မှု ဆုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတကာ ရွက်လှေ အသင်းကြီး (ISAF) မှ ၎င်း၏ နှစ်ပတ်လည် အစည်းအဝေးပွဲ ၌ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကမ်းရိုးတန်းမြို့ ဖြစ်သော ချင်သောင် မြို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုန်း ပြည်နယ်တွင် တည်ရှိပြီး တရုတ် ၏ ခေတ်သစ် ရွက်လှေ အားကစား စတင် မွေးဖွားရာ နေရာဖြစ်သလို ရေနှင့် ပတ်သက်သည့် အားကစားနည်း များ၏ မူလ အစနေရာ လဲဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ ၏ နံပါတ် (၁) ရွက်လှေသမား ကော်ချွမ်း (Guo Chuan) သည် ချင်သောင်မြို့ဇာတိဖြစ်ပြီး အာတိတ် သမုဒ္ဒရာကို ဖြတ်၍ ရွက်လှေဖြင့် ပထမဆုံး မနားတမ်း ကမ္ဘာပတ်ပြီး စံချိန်တင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ချင်သောင်းမြို့မှ ၃၂ နှစ် အရွယ် အမျိုးသမီး စုန့်ခွမ် သည် ကမ္ဘာ တစ်ပါတ် ရွက်လွှင့်ခဲ့သည့် ပထမဆုံး တရုတ်အမျိုးသမီး ဖြစ်လာခဲ့ကြောင်း သိရသည်။

ISAF ဥက္ကဋ္ဌ ကားလို့ ခရို့မှ ချင်သောင်းမြို့သည် အာရှ၏ ရွက်လှေ အားကစားနည်း အား ဦးဆောင်နေသည့် မြို့တစ်မြို့ ဖြစ်ကြောင်း ဂုဏ်ပြု ပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.