Connect with us

Sport

တရုတ်၏ အသက်အကြီးဆုံး အိုလံပစ် ပြေးခုန်ပစ် အားကစားသမား ၁၀၃ နှစ် တွင် ကွယ်လွန်

တရုတ်နိုင်ငံ၏ အသက်အကြီးဆုံး အိုလံပစ် ပြေးခုန်ပစ် အားကစားသမား ကောကျယ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၇ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အသက်အကြီးဆုံး ဝါရင့် အိုလံပစ် ပြေးခုန်ပစ် အားကစားသမား ကောကျယ် (Guo Jie) သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှားအန်ရှီး ပြည်နယ် မြို့တော် ရှှီးအန်း မြို့တွင် နိုဝင်ဘာလ ၁၅ ၇က်နေ့ က ကွယ်လွန်ခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက် ၁၀၃ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကောသည် ၁၉၃၅ ခုနှစ်တွင် နိုင်ငံတော် အဆင့် စံချိန်တင်ခဲ့သည့် သံပြားပစ် အားကစား သမားဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် တရုတ်နိုင်ငံ ကိုယ်စားပြု အဖြစ် ဘာလင်မြို့တွင်ကျင်းပသည့် နွေရာသီ အိုလံပစ် ပြိုင်ပွဲသို့ ဝင်ရောက် ခဲ့သော် လည်း သံပြားပစ် ဖိုင်နယ်အဆင့် သို့တက်ရောက်ရန် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

ကော အား ၁၉၁၂ ခုနှစ် ဇန်နဝါရီလတွင် မွေးဖွားခဲ့ပြီး အထက်တန်းကျောင်းတွင် ဘက်စုံ အားကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ၁၉၃၂ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပွဲတွင် လျိုချန်ချွင်း ယှဉ်ပြိုင်ခွင့် ရရှိသည်ကို အားကျပြီး အိုလံပစ် အားကစားပွဲသို့ ဝင်ရောက်ခွင့် ရရှိနိုင်ရန် တစိုက်မက်မက် ကြိုးစားခဲ့ကြောင်း သိရသည်။

အိုလံပစ် ပြိုင်ပွဲမှ ပြန်လာပြီးနောက် ကောသည် ရှီးအန်း ကာယ ပညာရေး တက္ကသိုလ် တွင် သုတေသီ၊ သင်တန်းနည်းပြ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် တရားဝင် ပင်စင် ယူခဲ့ကြောင်း သိရသည်။ ကော သည် ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ် ပွဲတော်မတိုင်ခင် အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ကော သည် ၂၀၁၂ခုနှစ်တွင် အသက် ၁၀၀ ပြည့်ခဲ့ပြီး နေ့စဉ် လေ့ကျင့်ခန်း နှစ်နာရီ ပြုလုပ်နိုင်ခဲ့ သေးကြောင်း နှင့် အားကစား လေ့ကျင့်ခန်း နည်းလမ်းများ၊ ကျန်းမာစွာ နေထိုင်နိုင်ရေး နှင့်ဆိုင်သည့် စာအုပ်များကိုလည်း ထုတ်ဝေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.