Connect with us

Sport

ရီးယဲ မက်ဒရစ် အတွက် ဂိုးသွင်းပေးနိုင်ခဲ့သော ပထမဆုံး တရုတ်အမျိုးသား လင်း

တရုတ်လူမျိုး တောင်ပံ ကစားသမား လင်းလျန်မင်း (ယာ)၏ ဘောလုံး ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

စပိန် လူငယ် ဘောလုံးပြိုင်ပွဲ၌ ရီးယဲမက်ဒရစ် ယူ-၁၉ အသင်းနှင့် အယ်လ်ကာလာ ယူ-၁၉ အသင်းတို့ ပွဲစဉ်တွင် တရုတ်လူမျိုး တောင်ပံ ကစားသမား အသက် ၁၈ နှစ်အရွယ် လင်းလျန်မင်းက ရီးယဲမက်ဒရစ် အတွက် ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ ၁၈ ရက်က နှစ်ဂိုး သွင်းပေးလိုက်ကြောင်း သိရသည်။

“ဒါက ရီးယဲမက်ဒရစ် အတွက် ကျွန်တော့်ရဲ့ ပွဲဦးထွက် ဂိုးတွေပါ။ ကျွန်တော့်အတွက် ကြီးမြတ်သော နေ့တစ်နေ့ ဖြစ်သလို ကျွန်တော့်ကို ထောက်ပံ့ပေးသူတွေကို ကျေးဇူးတင်ပါတယ်” ဟု လင်းက weibo အကောင့်တွင် ပြောထားသည်။

ရီးယဲမက်ဒရစ်က အသင်းအတွက် တရုတ်လူငယ် ကစားသမား တစ်ဦးအား ရှာဖွေခဲ့ရာ လင်းအား ယူရို ၃၀၀,၀၀၀ ဖြင့် ဇူလိုင်လက ငါးနှစ် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပေါင်း ၈ နိုင်ငံ ပါဝင်သော ယူ ၁၉ ဘောလုံး ပွဲစဉ်အား ဧပြီလ အတွင်းက ဆလိုဗက်ကီးယား နိုင်ငံ၌ ကျင်းပ ခဲ့စဉ်က လင်းသည် ခြေစွမ်း ပြနိုင်ခဲ့ရာ ဥရောပ ထိပ်တန်း ကလပ်အသင်းများ၏ စာချုပ် ချုပ်ဆိုရန် စိတ်ဝင်စားခြင်း ခံခဲ့ရသူ ဖြစ်ပါသည်။ ဇွန်လ အတွင်းကလည်း ပေါ်တူဂီနိုင်ငံ လစ်ဘွန်း ကလပ်တွင် ရှိနေစဉ်က လည်း လင်းက ထူးချွန်စွာ ခြေစွမ်းပြ ကစားနိုင်ခဲ့သေးသည်။
လင်းက ဘောလုံး ထိန်းချုပ်ရာတွင်လည်း မြန်ဆန်ပြီး အရည်အချင်း ပြည့်ဝသူ တစ်ဦးဟု ဆိုသည်။ ရီးယဲမက် ဒရစ်အသင်း အနေဖြင့် တံခွန်စိုက် ပြိုင်ပွဲနှစ်ခုတွင် လင်း၏ စွမ်းရည်အား သဘောကျခဲ့ပြီး စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.