Connect with us

ASEAN

အိန္ဒိယ နာမည်ကျော် မင်းသားကြီး အမီတာဘဂျမ်း COVID-19 ရောဂါ ကူးစက်ခံရ

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ဖယောင်းအနုပညာပြခန်းရှိ အိန္ဒိယ ရုပ်ရှင်မင်းသားကြီး အမီတာဘဂျမ်း၏ ပုံတုရုပ်တုအား တွေ့ရစဉ် (ဆင်ဟွာ)

မွမ်ဘိုင်း၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

အိန္ဒိယ ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနှင့် ၎င်း၏သားဖြစ်သူတို့ COVID-19ရောဂါ ကူးစက်ခံရကြောင်းနှင့် မွမ်ဘိုင်းတွင် ဆေးရုံတက် ဆေးကုသမှုခံယူလျက်ရှိကြောင်း ဇူလိုင် ၁၁ ရက် ညပိုင်းက  ၎င်းတို့၏လူမှုကွန်ရက်မီဒီယာတွင် အသီးသီးအတည်ပြု ပြောကြားခဲ့သည်။

အသက် ၇၇ အရွယ် မင်းသားကြီး အမီတာဘဂျမ်းသည် အိန္ဒိယတွင် အိမ်တိုင်းလူတိုင်းသိသည့် နာမည်ကျော်မင်းသားကြီးဖြစ်သည်။ “ကျွန်တော် ကိုဗစ် ဆေးစစ်မှုမှာ positiveဖြစ်တယ်။ ဆေးရုံမှာဆေးကုသမှုခံယူနေတယ် ။ ကျွန်တော့်မိသားစုနဲ့ဝန်ထမ်းတွေအားလုံးလည်း ရောဂါစစ်ဆေးထားတယ် ။ အသေးစိတ် အဖြေကိုတော့ စောင့်နေကြတယ်”ဟု ၎င်းက ဇူလိုင် ၁၁ ရက် ညပိုင်းက တွစ်တာလူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သော ၁၀ ရက်ကာလ အတွင်း အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် ရောဂါစစ်ဆေးကြရန် အမီတာဘဂျမ်းက တိုက်တွန်းစကားဆိုခဲ့သည်။

ထိုသို့ ပြောကြားပြီး မကြာမီ ၎င်း၏သားဖြစ်သူ အဘီရှစ်ခ် ဘချမ်းကလည်း ဖခင်နှင့်အတူ တစ်ချိန်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းနှင့် ရောဂါလက္ခဏာမပြင်းထန်ကြောင်း ၎င်း၏ တွစ်တာတွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ အစိုးရ၏ ကိန်းဂဏန်းများအရ  အိန္ဒိယနိုင်ငံတွ ဇူလိုင် ၁၁ ရက်က COVID-19ရောဂါ အသစ်ထပ်တိုးကူးစက်သူ ၂၇,၁၁၄ ဦး ရှိပြီး သုံးရက်ဆက်တိုက် တစ်ရက်အတွင်းကူးစက်သူဦးရေ အမြင့်ဆုံးဖြစ်ခဲ့ကြောင်းသိရသည်။ လက်ရှိ အိန္ဒိယနိုင်ငံတွင် စုစုပေါင်း COVID-19ရောဂါ အတည်ပြုလူနာ ၈၂၀,၉၁၆ ဦး၊ ရောဂါသက်သာပျောက်ကင်းသူ ၅၁၅,၃၈၆ ဦးနှင့် သေဆုံးသူ ၂၂,၁၂၃ ဦး အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.