တိုကျို ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်း၏ စာရင်းပြုစုချက်အရ ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် ၁၈ နာရီအထိ ဂျပန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၃၅ ဦးရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၀,၀၁၂ ဦးအထိရောက်ရှိလာခဲ့ကြောင်း...
ဘန်ကောက် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ပြည်တွင်းကူးစက်မှုများ ဆက်လက်မြင့်တက်ခြင်းနှင့်အတူ ဧပြီ ၂၂ ရက်တွင် COVID-19 လူနာသစ် ၁,၄၇၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိကြောင်း သိရသည်။
ရီယိုဒီဂျနရို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် ထပ်မံသေဆုံးသည့်လူနာ ၃,၄၇၂ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၃၈၁,၄၇၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင်ပြောသည်။
နယူးဒေလီ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် လက်ရှိ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဧပြီ ၂၀ ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်တက်လာချိန်တွင် COVID-19 လူနာများအတွက် အောက်စီဂျင်ဆလင်ဒါအိုးများ ပြင်ဆင်နေပြီး Quarantine စင်တာများ တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဧပြီ ၂၀ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၁,၄၄၃ဦး နှင့် သေဆုံးသူ ၄ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ကပြောသည်။
မနီလာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ဧပြီ ၁၈ ရက်တွင် COVID-19 လူနာသစ် ၁၀,၀၉၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၉၃၆,၁၃၃ ဦးထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာန(DOH)၏ ထုတ်ပြန်မှုအရ သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူနာ ၁၅၀...
မနီလာ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာကွယ်ဆေးထိုးနှံရေးနေရာတစ်ခုတွင် ဒေသခံများအား ဧပြီ ၄ ရက်က တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) COVID-19 ဖြစ်ပွားမှုဂရပ် မြင့်တက်လာခြင်းအား ထိန်းချုပ်ရန်အတွက် ဒေလီအစိုးရသည် ညမထွက်ရ အမိန့်တစ်ရပ် ထုတ်ပြန်ရန် ဧပြီ ၆ ရက်တွင်ဆုံးဖြတ်ခဲ့သည်။
မနီလာ ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံအစိုးရသည် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် Sinovac COVID-19 ကာကွယ်ဆေး ပထမသုတ်ကို မတ် ၂၉ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။