Connect with us

ASEAN

ဘရာဇီးတွင် ထပ်မံသေဆုံးသူ ၃,၄၇၂ဦး အထိရှိလာ

၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၁၂ ရက်က ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ရှိ လမ်းပေါ်တွင် အကာအကွယ်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးများ လမ်းလျှောက်နေစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနရို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကြောင့် ထပ်မံသေဆုံးသည့်လူနာ ၃,၄၇၂ ဦးရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၃၈၁,၄၇၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင်ပြောသည်။

တစ်ချိန်တည်းမှာပင် COVID-19 ဖြစ်ပွားမှု ၇၉,၇၁၉ ဦးအားစစ်ဆေးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် COVID-19 ဖြစ်ပွားမှုပေါင်း ၁၄,၁၂၂,၇၉၅ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ဘရာဇီးနိုင်ငံသည် ကူးစက်မှုလှိုင်းအသစ် ရင်ဆိုင်နေရပြီး ဆေးရုံတင်ထားရသူဦးရေ နှင့် သေဆုံးသူဦးရေ မြင့်တက်မှုဆီသို့ ဦးတည်နေကြောင်း နှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ကြီးမားသည့်အစိတ်အပိုင်း တစ်ခု ပြိုလဲလျက်ရှိကြောင်း သိရသည်။

လူဦးရေ အထူထပ်ဆုံးဖြစ်သောဆော်ပိုလိုပြည်နယ်တွင် အခက်အခဲဆုံးရင်ဆိုင်နေရကာ လူပေါင်း ၂,၇၈၆,၄၈၃ ဦး ကူးစက်ခံရပြီး၊ သေဆုံးသူ ၉၀,၆၂၇ ဦး ရှိကြောင်း၊ရီယိုဒီဂျနရို တွင် ကူးစက်ခံရသူပေါင်း ၇၁၂,၅၂၅ ဦးနှင့် သေဆုံးသူ ၄၂,၁၁၀ ဦး ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၌ လက်ရှိတွင် လူဦးရေ ၁၀၀,၀၀၀ တွင် ရောဂါကူးစက်ခံမှုနှုန်း ၆၇၂၀ ဦးရှိပြီး သေဆုံးမှုနှုန်း ၁၈၂ ဦး ရှိကြောင်း သိရသည်။အမျိုးသားကျန်းမာရေးကောင်စီ၏ အဆိုအရ ပြီးခဲ့သည့် ၇ ရက်အတွင်း နေ့စဉ်ပျမ်းမျှ ရောဂါဖြစ်ပွားမှုနှုန်းမှာ ၆၄,၁၈၄ ဦး ရှိပြီး နေ့စဉ်ပျမ်းမျှသေဆုံးမှုပေါင်း ၂,၇၇၉ ဦးရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် ဧပြီ ၂၀ ရက်အထိ လူပေါင်း ၃၇.၈သန်းအား COVID-19 ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ ၏ ၁၂.၈၃ ရာခိုင်နှုန်း သို့မဟုတ် ပြည်သူ ၂၇.၁၇ သန်းမှာ ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း နှင့် လူဦးရေ ၁၀.၇၁ သန်း သို့မဟုတ် ၅.၀၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————————–
(English Version)
Brazil reports 3,472 more deaths
RIO DE JANEIRO, April 21 (Xinhua) — The COVID-19 death toll mounted to 381,475 in Brazil after 3,472 more patients died of the virus in the past 24 hours, the Ministry of Health said Wednesday.
Meanwhile, tests detected 79,719 new COVID-19 cases, bringing the national count to 14,122,795, said the ministry.
A new wave of infections has been confronting the South American country, leading to a rise in hospitalizations, deaths and the collapse of a large part of the Brazilian public healthcare system.
The most populated state of Sao Paulo is the hardest hit with 2,786,483 cases and 90,627 deaths, followed by Rio de Janeiro, with 712,525 infections and 42,110 deaths.
Brazil currently has a mortality rate of 182 deaths per 100,000 inhabitants and an incidence rate of 6,720 registered cases per 100,000 people.
According to the National Council of Health Secretariats, the daily average of cases in the past seven days stood at 64,184 with a daily average death toll of 2,779.
As of Tuesday, Brazil had vaccinated 37.8 million people against COVID-19, with 27.17 million, or 12.83 percent of the population, receiving the first dose and 10.71 million, or 5.06 percent, receiving both doses. Enditem