Connect with us

ASEAN

ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းအတွက် တစ်နိုင်ငံလုံးလော့ခ်ဒေါင်းချမည်မဟုတ်ဟု အိန္ဒိဝန်ကြီးချုပ်မိုဒီ ပြောကြား

အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့တွင် ရိုက်ကူးထားသည့် ကွာရန်တင်းစင်တာ တစ်ခုအား ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် လက်ရှိ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကို တိုက်ဖျက်နေရခြင်းဖြစ်သော်လည်း တစ်နိုင်ငံလုံး လော့ခ်ဒေါင်းချမည်မဟုတ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဧပြီ ၂၀ ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

“လော့ခ်ဒေါင်းချတာက နောက်ဆုံး နည်းလမ်းပါ၊ တတ်နိုင်သမျှ ရှောင်ကျဥ်သင့်တယ်”ဟု မိုဒီက ဆိုသည်။ လက်ရှိ ကပ်ရောဂါအခြေအနေသည် ပြီးခဲ့သည့်နှစ်နှင့် မတူကြောင်း၊ စီးပွားရေးအပေါ် သက်ရောက်မှုမရှိအောင် အာမခံရမည်ဖြစ်ကြောင်း၊ ဒါက ဧရာမ စိန်ခေါ်မှုပါ၊ ဒါပေမယ့် ဒီစိန်ခေါ်မှုကို ကျွန်တော်တို့အတူ ကြိုးပမ်းကျော်လွှားရမယ်” ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ ရထားဘူတာတွင် သွားလာနေသည့် ခရီးသည်များအား ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆေးကုသသုံး အောက်စီဂျင်ထုတ်လုပ်ပံ့ပိုးမှုကို အာမခံချက်ရှိအောင် အစိုးရက ကြိုးပမ်းအောင်ရွက်နေကြောင်း မိုဒီက ဆိုသည်။ ပြည်သူလူထုက စိုးရိမ်ထိတ်လန့်မှုများမဖြစ်ကြရန်၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးစည်းကမ်းများကို တိကျစွာ လိုက်နာကြရန်နှင့် မလိုအပ်ပါက အိမ်ပြင်ထွက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ကိုဗစ်ကြောင့်သေဆုံးသွားသော လူနာ၏ မိသားစုဝင်များအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဆေးရုံတစ်ခု ပြင်ပတွင် ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုဗစ်ကပ်ရောဂါအခြေအနေ အဆက်မပြတ် ဆိုးဝါးလာခြင်းကြောင်း မြို့တော် နယူးဒေလီနှင့်မဟာရာရှ်ထရာပြည်နယ် စသည့် ဒေသများတွင် လူနာကုတင်၊ အောက်စီဂျင်နှင့် ဆေးဝါးပစ္စည်းစသည့်ပစ္စည်းများ လိုအပ်မှုရှိနေရာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ပို၍တင်းကြပ်စာ ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယအစိုးရက ဆေးကုသရာတွင် အသုံးပြုရန် အောက်စီဂျင် တန်ချိန် (၅)သောင်းကို တင်သွင်းရန်နှင့် အထူးရထားပြေးဆွဲ ပို့ဆောင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ကိုဗစ်ကြောင့်သေဆုံးသွားသော လူနာ၏ မိသားစုဝင်များအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဆေးရုံတစ်ခု ပြင်ပတွင် ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့တွင် ဆေးရုံသုံး အောက်စီဂျင်ဗူးများ ဖြည့်နေသည်ကို ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာဦးရေ ယခုကာလများတွင် ဆက်တိုက်စံချိန်တင်တိုးလာခြင်းဖြစ်ပြီး ယခုလ၌ တစ်ရက်လျှင်လူနာ (၁)သိန်း ထပ်တိုးနေရာမှ (၁၀)ရက်အတွင်း (၂)သိန်းအဖြစ် တိုးလာခြင်း ဖြစ်ည်။ အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၀ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည့်ရက်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ (၂၅၉,၁၇၀)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၁၅,၃၂၁,၀၈၉)ဦး၊ ထပ်တိုးသေဆုံးသူ (၁,၇၆၁)ဦးနှင့် စုစုပေါင်းသေဆုံးသူ (၁၈၀,၅၃၀)ဦး ရှိကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)

(国际疫情)印度总理莫迪:针对第二波新冠疫情不会实施全国封锁

 新华社新德里4月20日电(记者胡晓明)印度总理莫迪20日晚发表电视讲话说,印度目前正在与第二波新冠疫情做斗争,但不会在全国实施封锁。
  莫迪说,封锁只是最后的手段,“应尽力避免”。目前的疫情形势与去年有所不同,应确保经济不受影响。“这是一个巨大挑战,但我们必须共同努力克服这一挑战。”
莫迪表示,政府正努力确保医用氧气的生产和供应。他呼吁民众不要惊慌,严格遵守新冠防疫规定,非紧急情况不要出门。
  由于新冠疫情不断恶化, 印度首都新德里和马哈拉施特拉邦等多地报告病床、医用氧气和药品等医疗资源短缺,并收紧了疫情防控措施。印度政府已决定进口5万吨医用氧气,并开通专列运送医用氧气。
印度单日新增新冠确诊病例数近期连创新高,本月从日增10万例猛增至20万例仅用时10天。印度卫生部20日公布的数据显示,该国较前一日新增新冠确诊病例259170例,累计确诊15321089例;新增死亡病例1761例,累计死亡180530例。(完)
图说1:这是4月20日在印度高哈蒂拍摄的一处新冠患者隔离中心。
图说2:4月20日,人们在印度班加罗尔搭乘火车。
图说3,4:4月20日,新冠死亡患者的亲属走在印度新德里一所医院外。
图说5:4月20日,工作人员在印度班加罗尔为医用氧气罐充氧。