Connect with us

CHINA

COVID-19 ကာကွယ်ဆေးဖော်ထုတ်ရာတွင် ဘေးကင်းဖို့က ထိပ်တန်းဦးစားပေးဖြစ်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinovac Biotech Ltd., ၌ ဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး (inactivated vaccine) နမူနာကို ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များက COVID-19 ကာကွယ်ဆေး ရရှိရန် အချိန်နှင့်တစ်ပြေးညီ အပြိုင်အဆိုင် ဖော်ထုတ်လျက်ရှိရာ သုတေသနနှင့်ဖွံဖြိုးတိုးတက်ရေးတွင် ကာကွယ်ဆေး၏ဘေးကင်းမှုကို ဦးစားပေးအဖြစ် ထားရှိသင့်ပေသည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးဖော်ထုတ်မှုလုပ်ငန်းစဉ်တွင် ဘေးကင်းစိတ်ချရမှုကို တန်ဖိုးထားသည်။ တရုတ်နိုင်ငံမှ သုတေသီများသည် ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်မှု မလုပ်ဆောင်မီ အမျိုးမျိုးသော တိရစ္ဆာန်များနှင့် စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၁ နှင့် အဆင့်-၂ တွင် ဘေးကင်းမှုနှင့်ထိရောက်မှုအတွက် ကောင်းမွန်သည့်ရလဒ်များရရှိထားပြီး ၎င်းရလဒ်များကိုလည်း နိုင်ငံတကာ ဂျာနယ်များတွင် ထုတ်ပြန်ခဲ့သလို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်သိစိတ်ရှိရှိဖြင့် သတင်းအချက်အလက်များ ဝေမျှလျက်ရှိသည်။

လက်တွေ့စမ်းသပ်မှု အဆင့်-၃ သည် ဘေးကင်းပြီး ထိရောက်သည့် ကာကွယ်ဆေးအဖြစ် အကဲဖြတ်ရန် မရှိမဖြစ် လိုအပ်သဖြင့် တရုတ်နိုင်ငံသည် လက်တွေ့စမ်းသပ်မှု အဆင့်-၃ သို့ရောက်ရှိနေပြီဖြစ်သော ကာကွယ်ဆေးလေးမျိုးအတွက် အားထုတ်ကြိုးပမ်းမှု အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသလို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တွန်းအားပေးလျက်ရှိသည်။ အရှေ့အလယ်ပိုင်း ၊တောင်အမေရိကနှင့် အရှေ့ တောင်အာရှရှိ နိုင်ငံအတော်များများတွင် ပြုလုပ်နေသော  လက်တွေ့စမ်းသပ်မှုအဆင့်-၃ သည်လည်း အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိပေသည်။

COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုသည် မရေရာမှုများကြုံတွေ့ရသည့် တင်းကြပ်၍ ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
ဗြိတိန်တွင် ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုတွင် ပါဝင်သူတစ်ဦး၌ ရှင်းမပြနိုင်သည့် ဖျားနာမှု ဖြစ်ခဲ့ပြီးနောက်  AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်တို့၏ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေး အဆင့်-၃ လက်တွေ့စမ်းသပ်မှုများကို စက်တင်ဘာ ၈ ရက်က ယာယီရပ်နားထားခဲ့ရသည်။ ဘေးကင်းလုံခြုံမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက်တွင် လက်တွေ့စမ်းသပ်မှုအချို့ ပြန်လည်စတင်နေပြီဖြစ်သည်။

အဆိုပါဖြစ်ရပ်က ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်မှုများ ရှိလာစေပြီး ကာကွယ်ဆေး၏ ဘေးကင်းမှုအပေါ် သတိပေးမှု ဖြစ်လာစေခဲ့သည်။ သို့သော်လည်း အနောက်တိုင်းမှ နိုင်ငံရေးသမားအချို့က မသိချင်ယောင်ဆောင်ကာ ဘေးကင်းရေးကို လျစ်လျူရှုပြီး ကာကွယ်ဆေးဖော်ထုတ်မှုကို နိုင်ငံရေးအတွက် အသုံးချနေခဲ့သည်။

နိုင်ငံရေးအစား သိပ္ပံပညာရပ်ကသာလျှင် ကာကွယ်ဆေးကို ခွင့်ပြုသင့်သလား သို့မဟုတ် မည်သည့်အချိန်တွင် ခွင့်ပြုသင့်သနည်း ဆိုသည်ကို ဆုံးဖြတ်ရာတွင် ဦးဆောင်အခန်းကဏ္ဍ၌ ပါဝင်သင့်ပေသည်။ နိုင်ငံရေးရည်ရွယ်ချက်ကို အလေးထားပြီး ကာကွယ်ဆေး ဖော်ထုတ်မှု ဖြတ်လမ်းနည်းများနှင့် ဘေးကင်းစိတ်ချရသော စံနှုန်းများ ညှိနှိုင်းခြင်းက ကာကွယ်ဆေး အပေါ်အများပြည်သူ၏ ယုံကြည်မှုလျော့ပါးစေ မည်ဖြစ်သည်။

COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှုသည် နိုင်ငံရေးဖိအားပေးရန်အတွက် မဖြစ်သင့်ပေ။ သိပ္ပံနည်းကျ လုပ်ငန်းစဉ်များနှင့်ဘေးကင်းရေး အာမခံချက်များ၊ အများပြည်သူကျန်းမာရေးကို ကာကွယ်ပေးခြင်းနှင့် ကပ်ရောဂါ ကို ဆောလျင်စွာ အောင်နိုင်ရေးကို ဦးတည်ခြင်းအတွက် အခိုင်အမာ ဆောင်ရွက်သင့်ပေသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.