Connect with us

CHINA

တရုတ်နိုင်ငံတွင် nucleic acid စစ်ဆေးမှုစွမ်းဆောင်ရည် တိုးမြှင့်လာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ ထျန်းဆန်းခရိုင်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဒေသခံတစ်ဦးထံမှ နှာခေါင်းတို့ဖတ်ရယူနေစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ ဟိုင်နန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ nucleic acid စစ်ဆေးမှုစွမ်းဆောင်ရည်သည် ကြီးမားစွာတိုးတက်မှုရှိခဲ့ပြီး လာမည့်ဆောင်းဦးနှင့် ဆောင်းရာသီတွင် ကပ်ရောဂါကိုတုံ့ပြန်နိုင်ရန် အဓိကကျကြောင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ဆောင်းဦးနှင့် ဆောင်းရာသီတွင် ကပ်ရောဂါတားဆီးထိန်းချုပ်ရေးအတွက် ယခုနှစ် ပထမနှစ်ဝက်မှာ ရရှိခဲ့တဲ့ အောင်မြင်တဲ့အတွေ့အကြုံတွေကို မဖြစ်မနေအသုံးချဖို့လိုအပ်ပါတယ်” ဟု အမျိုးသားကျန်းမာရေးကော်မရှင်မှ Jiao Yahui က တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ပြုလုပ်သည့် ကွန်ဖရင့်၌ ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုအား ဆောလျင်စွာ ရှာဖွေတွေ့ရှိရန် nucleic acid စစ်ဆေးမှုစွမ်းဆောင်ရည် မြှင့်တင်သင့်သလို ပုံမှန် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ဆောင်မှုများနှင့်အတူ စောစီးစွာ ရှာဖွေခြင်း၊ သတင်းပို့ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းနှင့် ကုသခြင်းအခြေခံမူများကိုလည်း ထိန်းသိမ်းထားသင့်ကြောင်း Jiao က ပြောခဲ့သည်။

Jiao က COVID-19 ကပ်ရောဂါတိုက်ဖျက်ရာတွင် ရောဂါထိန်းချုပ်ရေးစနစ် ထပ်မံ တိုးတက်ရန်၊ အားကောင်းသည့် ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရန်နှင့် တရုတ်တိုင်းရင်းဆေးဝါးများ၏ အားများကိုရယူရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.