Connect with us

MYANMAR

ရေအောက်နစ်မြုပ်နေသော တရုတ်နိုင်ငံ၏ နှစ်၁၀၀ သက်တမ်းရှိ စစ်သင်္ဘော အပိုင်းအစအား ဆယ်ယူ

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ နီးပါးက ရေအောက်နစ်မြုပ်ခဲ့သော တရုတ်စစ်သင်္ဘောမှ သံမဏိပြားတစ်ခုကို ပြန်လည်ဆယ်ယူနေစဉ်(ဆင်ဟွာ)

ဂျီနန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ချင်းမင်းဆက်ခေတ်(၁၆၄၄ ခုနှစ် – ၁၉၁၁ ခုနှစ်)က တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ် ပင်လယ်ရေအောက် နစ်မြုပ်ခဲ့သည့် စစ်သင်္ဘောပျက်၏ ၁၈ တန် အလေးချိန်ရှိ သံမဏိအခင်းပြားတစ်ခုကို ဆယ်ယူရရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အလျား ၂ ဒသမ ၈၆ မီတာ ၊ အကျယ် ၂ ဒသမ ၆ မီတာ နှင့် ထု ၀ ဒသမ ၃၃ မီတာ ရှိသော သံမဏိပြားကို ချင်းမင်းဆက်ခေတ် ယခင် Beiyang ရေတပ်စခန်းတည်ရှိရာ Weihai မြို့ Liugong ကျွန်းအနီး ရေပြင်မှ စက်တင်ဘာ ၁၇ ရက်တွင် ဆယ်ယူရရှိခဲ့ကြောင်း ၊ ယင်းနေ့သည် ပထမ တရုတ်-ဂျပန် စစ်ပွဲ ဖြစ်ပွားခြင်း ၁၂၆ နှစ်မြောက် အထိမ်းအမှတ်အခါသမယနေ့ဖြစ်ပြီး ယင်းစစ်ပွဲကို တရုတ်နိုင်ငံ၌ Jiawa စစ်ပွဲဟူ၍ လူသိများထင်ရှားကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ နီးပါးက ရေအောက်နစ်မြုပ်ခဲ့သော တရုတ်စစ်သင်္ဘောမှ သံမဏိပြားတစ်ခုကို ပြန်လည်ဆယ်ယူနေစဉ်(ဆင်ဟွာ)

အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာန၏ ရေအောက် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စင်တာမှ ထုတ်ပြန်ချက်အရ အဆိုပါ ဆယ်ယူရရှိသော သံမဏိပြားသည် လက်ရှိအချိန်ထိ ရေအောက်မှ ဆယ်ယူရရှိခဲ့သော တစ်ခုတည်းသော စစ်ဘက်အသုံးအဆောင် ပစ္စည်းဖြစ်ကြောင်း နှင့် ၎င်းကို Bieyang ရေတပ်စခန်း၏ စစ်သင်္ဘောအကာအကွယ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သံမဏိပြားကို ယခင်ရေတပ်စခန်း(Beiyang) တည်ရှိရာ Liugong ကျွန်းသို့ သယ်ဆောင်သွားခဲ့ပြီးဖြစ်ကြောင်း နှင့် ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းမင်းဆက်ခေတ်က အလေးချိန် ၇,၆၇၀ တန်ရှိသော စစ်သင်္ဘောကြီး Dingyuan ကို ဂျာမနီနိုင်ငံမှ မှာယူ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယင်းသင်္ဘောသည် ရန်သူ့လက်တွင်း မကျရောက်မီ ရေယာဉ်မှူး၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်ခဲ့ပြီး ၁၈၉၅ ခုနှစ် ဖေဖော်ဝါရီလက ကျူးကျော်သူ ဂျပန်ရေတပ်မှ ပစ်လွှတ်လိုက်သည့် တိုပီဒိုထိမှန်၍ နစ်မြုပ်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.