Connect with us

MYANMAR

ယနေ့ညတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၈)ဦးထပ်မံတွေ့ရှိ၊ သေဆုံးသူ ၃ ဦးထပ်တိုး

နှားခေါင်းစည်းဖြင့် ဈေးဝယ်သူ နှင့် ဈေးရောင်းသူတို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၂၀ ရက်) ည ပိုင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၈)ဦးအား ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး၊ သေဆုံးသူ ၃ ဦးထပ်တိုးခဲ့ကာ ယနေ့အထိ သေဆုံးသူပေါင်း (၉၂)ဦး ရှိသွားပြီဖြစ်ကြောင်း နှင့် အတည်ပြုလူနာစုစုပေါင်း (၅,၅၄၁) ဦးထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သေဆုံးသူများအနက် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ အသက် ၆၄ နှစ် အရွယ်ရှိ အမျိုးသား  (Case 5096) သည် စက်တင်ဘာ ၁၈ ရက် နံနက် ရး၀၅ နာရီတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ အသက် ၆၉ နှစ်အရွယ်ရှိ အမျိုးသား (Case 5147)  သည် စက်တင်ဘာ ၂၀ ရက်  နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၇၈ အရွယ်ရှိ အမျိုးသား (Case 5059) သည် စက်တင်ဘာ ၁၈ ရက် ညနေ ၅း၁၀ နာရီ တွင်လည်းကောင်း အသီးသီးကွယ်လွန်ခဲ့ကြောင်း  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၉ ရက် ည ၈ နာရီ အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁,၂၆၀) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားရာဇဝင်မရှိသည့် ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့် အပြင် ဓာတ်ခွဲအတည်ပြုလူနာများ နှင့်လည်းထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှု အချိန်တိုအတွင်း များပြားလာသောကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု ကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သူများ အနေဖြင့် (Stay at Home) အစီအစဉ်တွင်  အကျုံးဝင်ကြောင်း  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။  (Xinhua)