MYANMAR
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရံပုံငွေကျပ် ၂၅ဘီလီယံဖြင့် ဆောင်ရွက်ခဲ့သော Cash for Work စီမံကိန်းများ ရာနှုန်းပြည့်ပြီးစီး
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရံပုံငွေကျပ် ၂၅ဘီလီယံဖြင့် ဆောင်ရွက်ခဲ့သော Cash for Work စီမံကိန်း သည်၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ၊ ဆက်လက်၍ Cash for Work စီမံကိန်း အသစ်များဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲလျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးခင်ဇော်က ဆင်ဟွာသို့ အောက်တိုဘာ ၈ ရက်တွင်ပြောကြားသည်။
“တစ်ရွာကို ကျပ်သိန်း ၁၀၀နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးရွာပေါင်း၂,၄၈၈ ရွာမှာ ကျွန်တော်တို့ Cash for Work စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းကို ကျွန်တော်တို့ ၃ လ အတွင်း အပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်’’ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ကျေးရွာများ၌ Cash for Work အတွက် ၇၀ ရာခိုင်နှုန်းကို လုပ်သားလစာအဖြစ် အသုံးပြုခဲ့ကြကြောင်း လုပ်သားအရေအတွက် ၂ ဒဿမ၈ သန်း ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
“အမျိုးသမီးလုပ်သားဦးရေ ကလည်း ၄၂ ရာခိုင်နှုန်းလောက်အလုပ်ရခဲ့တာတွေ့ရတယ်။ လုပ်ငန်းပေါင်း ၄,၄၀၀ ကျော်လောက်ဆောင်ရွက်နိုင်ခဲ့တယ်” ဟု ဟု ဦးခင်ဇော်က ဆက်ရှင်းပြသည်။
Cash for Work စီမံကိန်းပြီးဆုံးသည့်အချိန်တွင် ကျေးရွာတွင်းလမ်းများ၊ ကုန်ထုတ်လမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ကျေးရွာတွင်းရေနှုတ်မြောင်းများတူးဖော်ရှင်းလင်းခြင်း၊ရေကန်များခြံစည်းရိုးကာရံခြင်း၊ တည်ဆောက်ပြုပြင်ခြင်း၊ ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ လက်တူးတွင်းများ၊ ရေကန်များအသစ်တည်ဆောက် ခြင်းနှင့်ပြုပြင်ခြင်း၊ မြေသားရေကန်များပြုပြင်ခြင်း၊ ဆိပ်ခံတံတားများ တံတားငယ်များပြုပြင်ထိန်းသိမ်းခြင်း၊ မြေဖို့လုပ်ငန်းများနှင့် မြေထိန်းနံရံများပြုပြင်တည်ဆောက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ လုပ်ငန်းပေါင်း ၄,၄၀၂ ခု အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီး အဆိုပါကောင်အထည်ဖော်နိုင်ခဲ့သော အခြေခံအဆောက်အအုံများသည် ကျေးရွာများတွင်ကျန်ရှိခဲ့ရာ ရေရှည်ထိန်းသိမ်းမှုအတွက် ဝန်ကြီးဌာန နှင့် အတူ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမှာအရေးကြီးကြောင်းလည်း ၎င်းကဆိုသည်။ (Xinhua)