Connect with us

MYANMAR

ယနေ့ညတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၇) ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်းအတည်ပြုလူနာ  ၂၄၂၂ ဦးရှိလာ

ရန်ကုန်မြို့ထဲတွင် နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်  ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၇) ဦးအား ယနေ့ညတွင် ထပ်မံတွေ့ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီ အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း၂,၄၂၂ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်နံနက် ၇ နာရီအထိ COVID-19 အတည်ပြုလူနာအများဆုံးတွေ့ရှိရာဒေသများအဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် အတည်ပြုလူနာ ၁၂၆၈ ဦးနှင့် ရခိုင်ပြည်နယ်တွင် ၆၉၀ ဦးရှိကြောင်းသိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် သတ်မှတ်နေရာများ ၌ အသွားအလာကန့်သတ် ၍  စောင့်ကြပ်ကြည့်ရှု နေသူဦးရေမှာ စက်တင်ဘာလ (၉) ရက်နေ့ညနေ ၅ နာရီအထိ စုစုပေါင်း ၃၂၃၉၈ ဦးရှိကြောင်းသိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း များအနက် စုစုပေါင်း (၆၂၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၁၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။  

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှု များပြားလျက်ရှိသောကြောင့်  ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ ကာကွယ်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သတိပေးနှိုးဆော်ထားသည်။  (Xinhua)