Connect with us

MYANMAR

တစ်နိုင်ငံလုံးရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများအားလုံး၏ ဝန်ဆောင်မှုလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက်မှစ၍ ခေတ္တရပ်ဆိုင်းထားမည်

ရန်ကုန်မြို့ရှိသွားလာလျက်ရှိသော မော်တော်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) 

တစ်နိုင်ငံလုံးရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများအားလုံး၏ ဝန်ဆောင်မှုလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက်မှစ၍ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အခုလိုဆောင်ရွက်ရတာပါ။ ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ မထုတ်ပြန်ခင် တိုင်းဒေသကြီး ပြည်နယ် အလိုက် COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး ဝန်ဆောင်မှု လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ဝန်ဆောင်မှုတွေပြန်လည်စတင်ဖို့ က COVID-19 ရောဂါ အခြေအနေပေါ်မူတည်ပြီးပြန်လည်ထုတ်ပြန်ပေးသွားမှာပါ’’ ဟုဆင်ဟွာသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြောသည်။ 

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများ အားလုံး ၏ ဝန်ဆောင်မှုလုပ်ငန်းများကို  စက်တင်ဘာ ၁၄ ရက် မှ စ၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ အခြေအနေတည်ငြိမ်မှသာ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး ဖွင့်လှစ်နိုင်မည့်ရက်အား ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။

ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းသည့်ကာလ အတွက် ကနဦးမှတ်ပုံတင်ယာဉ်များ ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ် နှင့် ယာဉ်မောင်းလိုင်စင်များ ၏ သက်တမ်းလွန်ဒဏ်ကြေးများ အပါအဝင် လုပ်ငန်း ဆိုင်ရာများအား အများပြည်သူထိခိုက်နစ်နာမှုမရှိစေရန် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့် အညီ သုံးသပ်စိစစ်ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117