MYANMAR
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၆)ဦးအား ထပ်မံတွေ့ရှိ၊ (၁)ဦးထပ်မံသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၆)ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၁ဦးထပ်မံသေဆုံးခဲ့ကာ ယနေ့အထိ သေဆုံးသူစုစုပေါင်း ( ၆၁)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၈ရက်နံနက်၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။
ထို့ကြောင့် စက်တင်ဘာ ၁၈ ရက် နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း(၄,၂၉၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက်၇၁ နှစ်အရွယ်ရှိ အမျိုးသား (Case 3738)ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက် ည ၁၁း၅၀ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက် ည ၈နာရီ အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း များအနက် စုစုပေါင်း (၉၄၄)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။ (Xinhua)