Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၈ ဦး ထပ်မံတွေ့ရှိ၊အတည်ပြုလူနာ စုစုပေါင်း (၄,၀၄၃) ဦးရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၇ ရက်) ညပိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၈ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၄,၀၄၃) ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ နံနက် ၈ နာရီမှ ည ၈ နာရီထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၇၃၀)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၄၈) ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီထိ သေဆုံးသူ ၅၇ ဦးရှိခဲ့ပြီး ယခု ညပိုင်း သတင်းထုတ်ပြန်ချက်၌ သေဆုံးသူ ၃ ဦး ထပ်တိုးလာသဖြင့် သေဆုံးသူ စုစုပေါင်း ၆၀ ဦးထိရှိလာကြောင်း သိရသည်။

တပ်မတော်အသည်းအထူးကုဆေးရုံတွင် တက်ရောက်ကုသနေသော အသက်(၆၅)ရွယ် အမျိုးသမီး(Case 3004) သည် စက်တင်ဘာ ၁၇ရက် မွန်းလွဲ ၃ နာရီခွဲတွင်လည်းကောင်း၊ ဝေဘာဂီအထူးကုဆေးရုံတွင် တက်ရောက်ကုသနေသော အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦး (Case 3746) သည် စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၅၀ မိနစ်တွင်လည်းကောင်း၊ အထူးကုဆေးရုံ ကုတင် ၅၀၀ တွင် တက်ရောက်ကုသနေသော အသက် (၆၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး(Case 3565)သည် စက်တင်ဘာ ၁၇ရက် နံနက် ၃ နာရီ ၄၅ မိနစ်တွင် လည်းကောင်း ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါသက်သာ၍ စုစုပေါင်း (၉၄၄) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)