MYANMAR
COVID-19 ဓာတ် ခွဲ အတည်ပြု လူနာ ၇ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၆၈ ဦး ထိ ရှိလာ
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ဓာတ် ခွဲ အတည်ပြု လူနာ များအနက် ယနေ့ (စက်တင်ဘာ ၁၈ ရက်) ညနေ ၄ နာရီထိ ၇ ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၆၈ ဦး ထိ ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာ ၁၅ ရက် ည ၁၂နာရီ ၅၀ မိနစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသ နေသော အသက် (၇၅) နှစ်အရွယ် အမျိုးသားတစ် ဦး (Case4049) ၊ စက်တင်ဘာ ၁၆ ရက် နံနက် ၁နာရီ ၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသာ အသက် (၄၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး (Case 4057)နှင့် စက်တင်ဘာ ၁၆ ရက် နံနက် (၃)နာရီကျော်တွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် (၇၀)နှစ်အရွယ် အမျိုးသားတစ်ဦး( Case 4003)၊ စက်တင်ဘာ ၁၇ ရက်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက်( ၆၁)နှစ်အရွယ် အမျိုးသားတစ်ဦး(Case 3767)၊ အသက် ( ၇၅) နှစ်အရွယ် အမျိုးသမီး တစ် ဦး (Case 4020)၊ အသက် (၆၂) နှစ်အရွယ် အမျိုးသား တစ်ဦး (Case4030)နှင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့်သင်ကြားရေး ဆေးရုံကြီးတွင် တက်ရောက် ကုသ နေသော အသက် (၄၄) နှစ်အရွယ် အမျိုးသား တစ် ဦး (Case 3986) တို့ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၁၈ ရက်နံနက် ၈ နာရီအချိန်အထိ COVID-19 ရောဂါ ဓာတ် ခွဲ အတည်ပြု လူနာ စုစုပေါင်း (4,299) ဦး ထိ ရှိလာကြောင်း သိရသည်။ (Xinhua)