Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၈) ဦးအား ထပ်မံတွေ့ရှိ၊ (၂) ဦး ထပ်မံသေဆုံး

နှာခေါင်းစည်းဖြင့် ဈေးရောင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၈)ဦးအား ထပ်မံတွေ့ရှိခဲ့ပြီး (၂)ဦးထပ်မံသေဆုံးခဲ့သဖြင့်  ယနေ့ စက်တင်ဘာ ၁၈ ရက်   ည (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း(၄၄၆၇)ဦး နှင့်  သေဆုံးသူစုစုပေါင်း (၇၀)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သေဆုံးသူနှစ်ဦးတွင်  အသက် ၂၃ နှစ်အရွယ်ရှိအမျိုးသမီး (Case 4059)သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက် (၁၀း၃၀)  နာရီတွင် ကွယ်လွန်ခဲ့ကြောင်း နှင့် အသက် ၇၄ နှစ်အရွယ်ရှိ အမျိုးသား (Case 3994) သည် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် ယနေ့နံနက် (၄ :၀၀) နာရီတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နံနက် ၇ နာရီ အထိ ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာပေါင်း (၃၀၉၈) ဦးရှိကြောင်း  ဓာတ်ခွဲအတည်ပြု လူနာဟောင်း များအနက် စုစုပေါင်း (၁၁၃၀)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မတ်လ၂၃ ရက်မှ  စက်တင်ဘာ ၁၈ ရက် နံနက်၇ နာရီအထိ  COVID-19 အတည်ပြုလူနာပေါင်း ၂၇၄၇ ဦး ရှိပြီး၊ ရခိုင်ပြည်နယ်တွင် ၉၀၁ ဦး ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၃ ရက် မှ စက်တင်ဘာ ၁၈ ရက် နံနက် ၇ နာရီ အထိ စောင့်ကြည့်လူနာပေါင်း  ၁၂,၀၅၇ ဦး အား စစ်ဆေးခဲ့ကြောင်း၊ စောင့်ကြည့်လူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၄၂၇ ဦး ရှိကာ ပိုးတွေ့ရှိမှုနှုန်း ၁၁ ဒသမ ၈၄ ရာခိုင်နှုန်း၊ အသွားအလာကန့်သတ်ထားသူပေါင်း ၁၈၉,၈၉၈ ဦး တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၀၀၂ ဦးရှိကာ ၀ ဒသမ ၅၃ ရာခိုင်နှုန်း နှင့် ပိုးတွေ့လူနာ နှင့် အနီးကပ်ထိတွေ့သူ ၁၀,၈၇၁ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၈၇၀ ဦး ရှိကာ ပိုးတွေ့ရှိမှုနှုန်း ၁၇ ဒသမ ၂၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ စုစုပေါင်း ၂၁၂,၈၂၆ ဦး အား စစ်ဆေးခဲ့ပြီး ၄၂၉၉ ဦး တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
 (Xinhua)