Connect with us

MYANMAR

ယနေ့နံနက်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၄)ဦးအား ထပ်မံတွေ့ရှိ၊ (၅)ဦးထပ်မံသေဆုံး

နှာခေါင်းစည်းဖြင့် သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့နံနက် ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၄)ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၅ဦးထပ်မံသေဆုံးခဲ့ကာ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၇၅)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၉ရက်နံနက်၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။

ထို့ကြောင့် စက်တင်ဘာ ၁၉ ရက်   နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း(၄,၆၂၁)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူများအနက် COVID-19 ကုသရေးဌာန၊ ရန်ကုန် တွင် ကုသမှုခံယူနေသော အသက် ၆၄ နှစ်အရွယ်ရှိ အမျိုးသား (Case 3506)သည် စက်တင်ဘာ ၁၈ ရက် နေ့လည် ၁:၃၀ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း၊  ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသော အသက် ၆၂နှစ်အရွယ် အမျိုးသား (Case 4384) သည် စက်တင်ဘာ ၁၈ ရက် နံနက် ၁း၁၀ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသော အသက် ၈၄ နှစ် အရွယ် အမျိုးသမီး (Case 4382) သည် စက်တင်ဘာ ၁၆ ရက် ညနေ ၅း၃၀နာရီတွင် ကွယ်လွန်ခဲ့ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၈၅ နှစ်အရွယ် အမျိုးသား (Case 4429) သည်
စက်တင်ဘာလ ၁၈ ရက်နံနက် ၁၀း၁၅ နာရီ တွင် ကွယ်လွန်ခဲ့ကြောင်း နှင့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၆၅ နှစ်အရွယ် အမျိုးသမီး (Case 4389) သည် စက်တင်ဘာလ ၁၈ ရက်နံနက် ၈နာရီ တွင် ကွယ်လွန်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၈ ရက် နံနက် ၇ နာရီ အထိ ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာပေါင်း (၃၀၉၈) ဦးရှိကြောင်း နှင့် ဓာတ်ခွဲအတည်ပြု လူနာဟောင်း များအနက် စုစုပေါင်း (၁၁၃၀)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။  (Xinhua)