Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၉)ဦး ထပ်မံတွေ့ရှိ၊ ယနေ့အထိ အထိ အတည်ပြုလူနာ ၄၈၇၀ ဦးနှင့် သေဆုံးသူ (၈၁) ဦးရှိလာ

ဈေးဝယ်စင်တာတစ်ခု တွင် နှာခေါင်းစည်းဖြင့် လုံခြုံရေးဝန်ထမ်းတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၉ ရက်) ည ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄၉)ဦးအား ထပ်မံတွေ့ရှိခဲ့ပြီး၊ ယနေ့ ညနေ ၄ နာရီအထိဓာတ်ခွဲအတည်ပြုလူနာများအနက် (၆)ဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း အတည်ပြုလူနာ ၄၈၇၀ ဦး နှင့်   သေဆုံး (၈၁)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သေဆုံးသူများအနက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ကုသမှုခံယူနေသော အသက် ၆၈ နှစ်အရွယ်ရှိ အမျိုးသား (Case 4035)သည် စက်တင်ဘာ ၁၈ ရက် ညနေ ၄:၅၅  နာရီတွင်လည်းကောင်း၊   ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၆၅ နှစ်အရွယ် အမျိုးသား (Case 4388) သည် စက်တင်ဘာ ၁၉ ရက် နံနက် ၂း၂၅ နာရီတွင် လည်းကောင်း၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၆၀ နှစ် အရွယ် အမျိုးသား (Case 4029) သည် စက်တင်ဘာ ၁၉  ရက် နံနက် ၅:၃၀နာရီတွင် လည်းကောင်း၊ COVID-19 ကုသရေးဌာန (ဒဂုံဆိပ်ကမ်း) တွင် ကုသမှုခံယူနေသော အသက် ၈၄ နှစ်အရွယ် အမျိုးသမီး (Case 3141) သည်
စက်တင်ဘာလ ၁၈ ရက် ညနေ ၅:၅၀ နာရီ တွင်လည်းကောင်း ၊  ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၈၁ နှစ်အရွယ် အမျိုးသား(Case 4403) သည် စက်တင်ဘာလ ၁၆ ရက်နံနက် ၈:၄၀နာရီ တွင် လည်းကောင်းနှင့် မြောက်ဥက္ကလာပအထွေထွေရောဂါကု နှင့် သင်ကြားရေးဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် ၆၄ နှစ်အရွယ် အမျိုးသား (Case 4374) သည် စက်တင်ဘာ ၁၆ ရက် ည ၈:၂၀ နာရီတွင်လည်းကောင်း အသီးသီးကွယ်လွန်ခဲ့ကြောင်း  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၉ ရက် ည ၈ နာရီ အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁,၁၈၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)