MYANMAR
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉၃ ဦး ထပ်တိုး ၊ တစ်ရက်တည်း လူနာသစ် ၆၄၂ ဦး တွေ့ရှိ

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉၃ ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ ရက်အတွက် စုစုပေါင်း လူနာသစ် ၆၄၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၁၉ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၂၉၈ ခုအား စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၉ ရက် ညပိုင်းတွင် လူနာသစ် ၂၄၉ ဦး ၊ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် လူနာသစ် ၃၉၃ ဦးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၅,၂၆၃ ဦး ရှိပြီဖြစ်ကာ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၈၁ ဦးရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း ၁,၁၈၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)