MYANMAR
COVID-19 အတည်ပြုလူနာ ၁၃ ဦးထပ်မံ သေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၂၉ ဦးထိ ရှိလာ
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ယနေ့ (စက်တင်ဘာ ၂၃ ရက်) ညနေပိုင်းအထိ အတည်ပြုလူနာ ၁၃ ဦးထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၁၂၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၇၈ နှစ်အရွယ် အမျိုးသား( Case-6703)သည် စက်တင်ဘာ ၂၂ ရက် နံနက် (၇:၂၀) အချိန်တွင် လည်းကောင်း၊
စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၆၇ နှစ်အရွယ် အမျိုးသား (Case-6916)သည် စက်တင်ဘာ ၂၀ ရက် ညနေ (၄:၁၀) အချိန်တွင်လည်းကောင်း၊
COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၄၃ နှစ်အရွယ် အမျိုးသား( Case-3367)သည် စက်တင်ဘာ ၂၃ ရက်နံနက် (၁:၃၀) နာရီတွင် လည်းကောင်း၊ | COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၇၅ နှစ်အရွယ် အမျိုးသား (Case-4343 )သည် စက်တင်ဘာ ၂၃ ရက် နံနက် (၈:၂၀) အချိန်တွင် လည်းကောင်း၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၅၂ နှစ်အရွယ် အမျိုးသား (Case-4055 )သည် စက်တင်ဘာ နံနက် (၁၀:၀၀) အချိန်တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၈၅ နှစ်အရွယ် အမျိုးသား (Case-6776)သည် စက်တင်ဘာ ၂၀ ရက် ညနေ (၄:၀၀) အချိန်တွင် လည်းကောင်း အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် (၉၁)နှစ်အရွယ် အမျိုးသား (Case-6781)သည် စက်တင်ဘာ ၂၁ ရက်ညနေ (၆:၀၀) အချိန်တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၅၇ နှစ်အရွယ် အမျိုးသား(Case-6806)သည် စက်တင်ဘာ ၂၂ ရက်နံနက် (၁:၄၅)အချိန်တွင် လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၈၉ နှစ်အရွယ် အမျိုးသား (Case-6805)သည် စက်တင်ဘာ ၂၂ ရက် နံနက် (၁၀:၃၀) အချိန်တွင် လည်းကောင်း၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၆၆ နှစ်အရွယ် အမျိုးသား (Case 6743)သည် စက်တင်ဘာ ၂၂ ရက် ညနေ (၅:၀၀) အချိန်တွင်လည်းကောင်း၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် တက်ရော်ကုသလျက်ရှိသော အသက် ၇၀ အရွယ် အမျိုးသား(Case-6744)သည် စက်တင်ဘာ ၂၁ ရက် ည (၈:၃၅) အချိန်တွင်လည်းကောင်း၊ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၄၁ နှစ်အရွယ် အမျိုးသား ( Case-6782)သည် စက်တင်ဘာ ၂၃ ရက် နံနက် (၃:၃၀) အချိန်တွင်လည်းကောင်းနှင့် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၇၁ နှစ်အရွယ် အမျိုးသား ( Case-1605)သည် စက်တင်ဘာ ၂၃ ရက် နံနက် (၉:၁၅) အချိန်တွင်လည်းကောင်းသေဆုံးခဲ့ကြကြောင်း သိရသည်။
အဆိုပါလူနာများသေဆုံးချိန်တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးထားဆဲဖြစ်ပြီး COVID-19 ရောဂါပိုး ရှိကြောင်း ဓာတ်ခွဲအဖြေရရှိပြီးနောက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၂၉)ဦး နှင့် ဓာတ်ခွဲအတည်ပြုလူနာ ၆၉၅၉ ဦးရှိလာပြီဖြစ်သည်။ (Xinhua)