MYANMAR
COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိ၊ ဓာတ်ခွဲအတည်ပြုလူနာ ၇,၂၉၂ ဦးထိရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်းရှိ ဓာတ်ခွဲနမှုနာများအား စစ်ဆေးရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၃၄ ဦး ထပ်မံစစ်ဆေးတွေ့ရှိသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၇,၂၉၂ ဦးထိရှိလာကြောင်း ယနေ့(စက်တင်ဘာ ၂၃ရက်) ညပိုင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၁၀၂) ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၃၄) ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၃၀)ဦး ရှိ ကြောင်း သိရသည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါ ပျောက်ကင်း၍ စုစုပေါင်းလူနာ (၂,၀၈၅) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)