Connect with us

MYANMAR

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်အများဆုံးအဖြစ် ၅၃၅ ဦး ဖြင့် စံချိန်တင် တွေ့ရှိ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

 မြန်မာနိုင်ငံတွင် COVID-19ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၃၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၂၄ ရက် )နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

 စက်တင်ဘာ ၂၃ ရက် ည (၈:၀၀)နာရီမှ စက်တင်ဘာ ၂၄ ရက် နံနက် (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ ၃၇၇၀ ခုအား  ဓာတ်ခွဲစစ်ဆေးရာ လူနာသစ် ၅၃၅ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇,၈၂၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ထို့ပြင် ယနေ့ နံနက် (၈:၀၀) နာရီအထိ  ထပ်မံသေဆုံးသူ (၃) ဦး ရှိခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၃၃) ဦးထိ ရောက်ရှိသွား ပြီကြောင်း သိရသည်။ ( Xinhua)