MYANMAR
COVID-19 အတည်ပြုလူနာသစ်(၉၇၈)ဦးတွေ့ရှိ၊ ယနေ့အထိအတည်ပြုလူနာစုစုပေါင်း (၁၆,၅၀၃) ဦးရှိလာ

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၈,၁၉၅) ခု အားစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် (၉၇၈) ဦးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း (၁၆,၅၀၃) ရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာ ၃ ရက် ည ၈ နာရီတွင်ထုတ်ပြန်သော စာရင်းအရသိရသည်။
ယနေ့ညထုတ်ပြန်သော စာရင်းအရ သေဆုံးသူ (၁၈) ဦးရှိသောကြောင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၃၇၁) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီ အတွင်း ဆေးရုံဆင်းခွင့်ရရှိသူ(၄၁၇) ဦး ရှိပြီး၊ လက်ရှိအချိန်အထိ စုစုပေါင်း (၄,၇၉၅) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း သိရသည်။ Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများတွင် ဆက်လက်စစ်ဆေးလျက်ရှိပြီး အဆိုပါစစ်ဆေးမှုများတွင် အနံ့မရရှိသူများလည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
အောက်တိုဘာ ၂ ရက်တွင် တွေ့ရှိခဲ့သည့် COVID-19 အတည်ပြုလူနာစာရင်းအရ ရန်ကုန်တိုင်းဒေသကြီး မှ (၁,၀၄၆) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး မှ (၂၂)ဦး၊ ကချင်ပြည်နယ် မှ(၁) ဦး၊ ရခိုင်ပြည်နယ်မှ (၉) ဦး၊ ပဲခူးတိုင်းဒေသကြီးမ ှ(၅) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂၅) ဦး၊ မွန်ပြည်နယ်မှ (၆) ဦး၊မကွေးတိုင်းဒေသကြီးမှ (၂)ဦး၊ ကရင်ပြည်နယ်မှ (၁) ဦး၊ နေပြည်တော်မှ (၅) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၄ ဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၆) ဦး စုစုပေါင်း (၁,၁၄၂) ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)