MYANMAR
COVID-19 အတည်ပြုလူနာသစ် (၁,၄၆၁) ဦးတွေ့ရှိခဲ့ပြီး၊ ၃၁ ဦးထပ်မံသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တွင် COVID-19 အတည်ပြုလူနာသစ် (၁,၄၆၁) ဦးအားတွေ့ရှိခဲ့ပြီး (၃၁) ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၂၃,၉၀၆ ဦး နှင့် သေဆုံးသူ စုစုပေါင်း (၅၆၆) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၉ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၃၇၂)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၆,၇၃၈)ဦး ရှိလာခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၅,၃၀၁) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၃၈၂,၈၄၀) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက်စစ်ဆေးလျက်ရှိပြီး အဆိုပါစစ်ဆေးမှုများတွင် အနံမရရှိသူများလည်းပါဝင်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၀၁၂)ဦးရှိရာရန်ကုန်တိုင်းဒေသကြီးက (၈၁၄) ဦးဖြင့်အများဆုံးတွေ့ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှ (၈၆)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂၂) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂၁) ဦး၊ နေပြည်တော်မှ (၁၈) ဦး၊ မွန်ပြည်နယ်မှ (၁၇)ဦး၊ရခိုင်ပြည်နယ်မှ (၁၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၆)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊ ကချင်ပြည်နယ်မှ (၃)ဦး၊ကရင်ပြည်နယ်မှ (၃)ဦး နှင့် တနင်္သာရီတိုင်းဒေသကြီးမှ (၁)ဦး တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)