MYANMAR
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၅၂,၀၀၀ ကျော်အထိရှိလာ
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
COVID-19 အတည်ပြုလူနာသစ် (၁,၂၁၀) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၂,၇၀၆) ဦးရှိလာပြီဖြစ်ကာ လူနာ(၁၈)ဦးထပ်မံသေဆုံးခဲ့သဖြင့် ၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၂၃၇) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၃၁ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၄၄၄)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၃၂,၇၇၄)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၂,၁၇၀) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၆၈၈,၁၅၉) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့သေဆုံးသူ(၁၈)ဦးအနက် ရောဂါအခံရှိသူ (၁၃)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁,၄၄၄) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၂၉၁)ဦး၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၁,၁၅၃)ဦး ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁,၅၄၄)ဦးအနက်Hotel Quarantine တွင် (၂၂၆)ဦး၊ Facility Quarantine တွင် (၁၂)ဦး၊ Community Based Facility Quarantine တွင် (၁,၂၃၂)ဦးနှင့် Anosmia Center တွင် (၇၄) ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၀၉၃)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၈၈၀) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ မန္တလေးတိုင်းဒေသကြီးမှ (၄၄)ဦး၊ ရခိုင်ပြည်နယ်မှ (၁၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၄၄)ဦး၊ မွန်ပြည်နယ်မှ (၅)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂၂)ဦး၊ နေပြည်တော်မှ (၂)ဦး၊စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၃)ဦး၊တနင်္သာရီတိုင်းဒေသကြီးမှ (၆)ဦး၊ ကချင်ပြည်နယ်မှ (၈)ဦးနှင့် ရှမ်းပြည်နယ်မှ (၅)ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၀၉၃)ဦးတွင် အနံ့မရရှိသူ (၁၆၈) ဦးပါရှိကြောင်း သိရသည်။ (Xinhua)