MYANMAR
မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ ၅၆,၉၀၀ကျော်ရှိပြီး ၁,၃၃၀ ဦးသေဆုံး

ရန်ကုန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်
မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၄ ရက်) ညပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ၅၆,၉၀၀ကျော် ရှိပြီး သေဆုံးသူ ၁,၃၃၀ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၁၃၆ ဦးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၂၃ ဦးထိရှိကြောင်း သိရသည်။လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၆,၉၄၀ဦး ရှိပြီဖြစ်သည်။
COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း ၁၄,၉၅၅ ခုအားစစ်ဆေးပြီးစီးခဲ့နောက် ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိရာ အဆိုပါ စစ်ဆေးမှုများတွင် လတ်တလောအနံ့မရရှိသူများလည်းပါဝင်ကြောင်းသိရသည်။
ယနေ့ သေဆုံးသူ ၂၃ဦးအနက် ရောဂါအခံရှိသူ ၁၈ ဦးပါဝင်ကြောင်းသိရသည်။ရန်ကုန် တိုင်းဒေသကြီးအတွင်းအသွားအလာကန့်သတ် ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သည့် စုစုပေါင်း ၁၆၀၀ ဦးအား ဟိုတယ် ကွာရတင်း၊ Facility ကွာရတင်းနှင့် တို့၏ ၎င်းတို့နေအိမ်များတွင် သွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ (Xinhua)