Connect with us

MYANMAR

တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံဖြစ်သည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ဆေးကုသရေးပစ္စည်းကိရိယာများ ထပ်မံလှူဒါန်း

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ လှူဒါန်းသော ဆေးကုသရေးပစ္စည်းကိရိယာများအား တွေ့ရစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံဖြစ်သည့် ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ဆေးကုသရေးပစ္စည်းကိရိယာများကို နိုဝင်ဘာ ၂ ရက်တွင် ထပ်မံ လှူဒါန်းခဲ့ကြောင်း သံရုံးထံမှ သိရသည်။

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းယုဇော်က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြောကြားပြီး COVID-19 ရောဂါ ဖြစ်ပွားနေသည့်အထူးကာလ၌ ယခုကဲ့သို့ ပစ္စည်းကိရိယာများ လှူဒါန်းခြင်းသည် များစွာအဖိုးတန်ကြောင်း ၊ ဆေးရုံမှ အဆိုပါပစ္စည်းကိရိယာများကို ကောင်းမွန်စွာအသုံးချ၍ ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ဆေးကုသရေးဝန်ဆောင်မှု ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ လှူဒါန်းသော ဆေးကုသရေးပစ္စည်းကိရိယာများအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar) 

အဆိုပါ ဆေးကုသရေးပစ္စည်းကိရိယာများမှာ Low Pressure Suction ၊ Oxygen Hood ၊ LED Phototherapy Units ၊ Infant Radiant Warmer ၊ Spot Lamp ၊ Vacuum Extractor ၊ Isoflurane Evaporation Can ၊ Surgical Instrument Cabinet ၊ Medicine Cabinet စသည်တို့ဖြစ်ပြီး လက်ရှိတွင် စတင် အသုံးပြုနေပြီဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ လှူဒါန်းသော ဆေးကုသရေးပစ္စည်းကိရိယာများအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar) 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့မှ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအား ၂၀၁၆ခုနှစ်တွင် အဆင့်မြှင့်တင် ပြုပြင်မွမ်းမံခဲ့ကြောင်း ၊ ဆေးရုံအဆောက်အအုံ၏ မူလအသွင်ကို မပျောက်ပျက်စေဘဲ လူနာကြည့်ခန်း၊ သားဖွားခန်း၊ ခွဲစိတ်ခန်းနှင့် မွေးကင်းစကလေးများစောင့်ကြပ်ကြပ်မတ်ခန်း စသည်တို့ကို အသစ်တည်ဆောက်ပေးခဲ့ပြီး လူနာအယောက် ၄၀ ထားရှိနိုင်သည့် လူနာဆောင် တစ်ဆောင်ကိုလည်း အသစ်တည်ဆောက်ပေးခဲ့ကြောင်း နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဆေးရုံအဆင့်မြှင့်တင်ပြုပြင်မွမ်းမံရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာပြီးစီးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကို ပထမမြောက် တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံဟု အမည်ပေးခဲ့ကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.