MYANMAR
မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ ၆၅,၅၀၀ကျော်ထိ ရှိလာ

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်
မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၁၂ရက်) ညပိုင်းအထိတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၅,၅၀၀ကျော်ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ယနေ့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၁၄၅ ဦး စစ်ဆေးတွေ့ရှိသဖြင့် COVID-19 ရောဂါရှိသူ စုစုပေါင်း ၆၅,၅၉၈ဦးထိ ရှိလာခဲ့ခြင်းဖြစ်သည်။
လက်ရှိ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂၈ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁,၅၀၈ ဦးထိရှိလာကြောင်း သိရသည်။
ယနေ့ သေဆုံးသူ ၂၈ ဦးအနက် ရောဂါအခံရှိသူ ၁၉ဦးပါဝင်ကြောင်းသိရသည်။
COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း ၁၇,၂၅၀ ခုအားစစ်ဆေးပြီးစီးခဲ့နောက် ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီးအဆိုပါ စစ်ဆေးမှုများတွင် လတ်တလောအနံ့မရရှိသူများလည်းပါဝင်ကြောင်းသိရသည်။
ရန်ကုန် တိုင်းဒေသကြီးအတွင်းအသွားအလာကန့်သတ် ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သည့် စုစုပေါင်း ၁,၀၆၂ဦးအား ဟိုတယ် ကွာရတင်း၊ Facility ကွာရတင်းနှင့် တို့၏ ၎င်းတို့နေအိမ်များတွင် သွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ကြောင်းလည်းထည့်သွင်းဖော်ပြထားသည်။ (Xinhua)