Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၁,၁၃၆)ဦးတွေ့ရှိ၊ (၂၆) ဦး သေဆုံး

နှာခေါင်းစည်းဖြင့်သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် 

COVID-19 အတည်ပြုလူနာသစ် (၁,၁၃၆) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၆၆,၇၃၄) ဦးရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် (၂၆)ဦးထပ်မံသေဆုံးခဲ့သဖြင့် ၊ လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၅၃၄) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၃ ရက်ည ၈နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၇၇၃)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၅၀,၃၃၆)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၅,၂၈၁) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း(၈၆၉,၂၂၈) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၂၆)ဦးအနက် ရောဂါအခံရှိသူ (၁၆)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၇၇၃) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၁၅၄)ဦးနှင့် COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၆၁၉)ဦး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁,၇၆၉)ဦးအနက်Hotel Quarantine တွင် (၂၂၈)ဦး၊ Facility Quarantine တွင် (၆၈၇)ဦး၊ Community Based Facility Quarantine တွင် (၇၄၆)ဦးနှင့် Anosmia Center တွင် (၁၀၈) ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၁၄၅)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၈၀၇) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ(၉၆)ဦး၊ပဲခူးတိုင်းဒေသကြီးမှ(၇၇)ဦး၊ မွန်ပြည်နယ်မှ (၃၈)ဦး၊ဧရာဝတီတိုင်းဒေသကြီးမှ(၃၆)ဦး၊ရခိုင်ပြည်နယ်မှ (၃၅)ဦး၊မကွေးတိုင်းဒေသကြီးမှ (၂၂)ဦး၊ ကရင်ပြည်နယ်မှ (၁၂)ဦး၊စစ်ကိုင်းတိုင်းဒေသကြီးမှ (၇)ဦး၊နေပြည်တော်မှ (၇)ဦး၊ ကချင်ပြည်နယ်မှ (၃)ဦး၊ ရှမ်းပြည်နယ်မှ (၂)ဦး၊တနင်္သာရီတိုင်းဒေသကြီးမှ (၁)ဦး၊ ချင်းပြည်နယ်မှ (၁)ဦးနှင့် ကယားပြည်နယ်မှ(၁) ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၁၄၅)ဦးတွင် အနံ့မရရှိသူ (၂၄၉)ဦးပါရှိကြောင်း သိရသည်။ (Xinhua)